မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စက်ရုံတွေကနေ ထုတ်ကုန် မှာယူမှုတွေနဲ့ပတ်သက်လို့ နာမည်ကျော် ဖက်ရှင်ကုမ္ပဏီတွေ ပြန်သုံးသပ်

မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စက်ရုံတွေကနေ ထုတ်ကုန် မှာယူမှုတွေနဲ့ပတ်သက်လို့ နာမည်ကျော် ဖက်ရှင်ကုမ္ပဏီတွေ ပြန်သုံးသပ်
A view of the Multinational fashion brand Esprit store logo. Photo: EPA

သြဂုတ် ၂၈ ။          ။ မြန်မာစစ်တပ်နဲ့ ပတ်သက်မှုရှိတယ်လို့ ယုံကြည်ရတဲ့ အထည်ချုပ် လုပ်ငန်း စက်ရုံတစ်ရုံကနေ အထည် မှာယူမှုတွေ လုပ်တော့မှာ မဟုတ်ဘူးဆိုပြီး အဝတ်အစား ဖက်ရှင်အမှတ်တံဆိပ် Esprit က ပြောကြားခဲ့တယ်လို့ ecotextile.com  ဖော်ပြပါတယ်။

ဒါဟာ စစ်တပ်နဲ့ ဆက်နွယ်ပေါင်းစည်းထားတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ရတဲ့ ဝင်ငွေတွေကို နိုင်ငံမှာ စစ်တပ် လုပ်ငန်းတွေကို ပံ့ပိုးရာမှာ အသုံးပြုထားခဲ့တယ် ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး မစ်ရှင်ရဲ့ အစီရင်ခံစာတစ်ခုက ဖော်ထုတ်ခဲ့တဲ့နောက် ယခုလို ပြောကြားမှုတွေ ထွက်ရှိလာတာဖြစ်ပါတယ်။

ယင်း အစီရင်ခံစာရဲ့ ရလဒ်ကြောင့် Esprit ၊  H&M နဲ့ Bestseller တို့အပါအဝင် နာမည်ကျော် ဖက်ရှင် brands တွေက ယင်းတို့အနေနဲ့ မြန်မာကနေ ထုတ်ကုန်မှာယူမှုတွေနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်မှုတွေ လုပ်သွားတော့မှာဖြစ်ကြောင်း ထုတ်ဖော်ထားခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly