အိန္ဒိယစစ်တပ်က မြန်မာ့တပ်မတော်အတွက် SUV ကား ဆယ်စီး ပေးအပ်

အိန္ဒိယစစ်တပ်က မြန်မာ့တပ်မတော်အတွက် SUV ကား ဆယ်စီး ပေးအပ်
Military-spec Tata Safari Storme SUVs. Photo: Tata Motors

သြဂုတ် ၂၈ ။               ။ စစ်တပ်သုံး Tata Safari Storme SUV ကား ဆယ်စီးကို မြန်မာ့တပ်မတော်ထံ အိန္ဒိယစစ်တပ်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကားတွေကိုတော့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက လွှဲပေးခဲ့ခြင်းဖြစ်ကြောင်း financialexpress.com က ဖော်ပြပါတယ်။

ဒီလို SUV ကား လွှဲပြောင်းပေးအပ်မှုကိုတော့ မကြာသေးခင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယ ချစ်ကြည်ရေးခရီးစဉ်အတွင်း အိန္ဒိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat က တပ်ချုပ်အား ကတိပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Tata Safari Storme ကားတွေကတော့ သက်တမ်းကြာလာနေပြီဖြစ်တဲ့  Maruti Suzuki Gypsy ကားတွေရဲ့ နေရာမှာ အစားဝင်သွားဖို့ ရှိနေပါတယ်။ Gypsy ကားတွေကတော့ ဘေးကင်းလုံခြုံမှုနဲ့ အိတ်ဇောငွေ့ စည်းမျဉ်းစံနှုန်းတွေနဲ့ ကိုက်ညီခြင်း ရှိတော့မှာမဟုတ်တဲ့အတွက် ယင်းတို့ကို အိန္ဒိယ စစ်တပ် ယာဉ်အစုအဖွဲ့ထဲကနေ တစ်ဆင့်ချင်းစီ ဖယ်ရှားသွားဖို့လည်း ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly