အမေဇုန်တောမီး ငြိမ်းသတ်ရန် G7 အုပ်စု၏ အကူအညီ ကမ်းလှမ်းမှု ဘရာဇီး ပယ်ချ

အမေဇုန်တောမီး ငြိမ်းသတ်ရန် G7 အုပ်စု၏ အကူအညီ ကမ်းလှမ်းမှု ဘရာဇီး ပယ်ချ

သြဂုတ် ၂၇  ။            ။ အမေဇုန် မိုးသစ်တောမှာ လောင်ကျွမ်းနေလျက် ရှိတဲ့ တောမီးတွေကို ကူညီ ငြိမ်းသတ်နိုင်ဖို့အတွက် G7 နိုင်ငံတွေဆီက အကူအညီပေးဖို့ ကမ်းလှမ်းချက်တစ်ရပ်ကို ဘရာဇီး အစိုးရက ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။

အလားတူ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်အနေနဲ့ ၎င်းရဲ့ နေအိမ်နဲ့ ၎င်းနိုင်ငံရဲဲ့ ရှေ့ဟောင်းအဆောက်အအုံတွေကိုသာ ဂရုစိုက်သင့်ကြောင်း ဘရာဇီး အစိုးရ အဆင့်မြင့် အရာရှိကြီးတစ်ဦးကလည်း ပြောသွားပါတယ်။

ဘရာဇီးမှာတော့ ယခုနှစ်စပိုင်းကစလို့ တောမီးပေါင်း ၈၀,၀၀၀ နီးပါး လောင်ကျွမ်းနေလျက် ရှိခဲ့ပြီး ယင်းတို့အနက် ထက်ဝက်နီးပါးလောက်ကတော့ အမေဇုန်ချိုင့်ဝှမ်းဒေသမှာ လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်က ဧည့်ခံကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးမှာပဲ ယင်း တောမီးတွေကို ကူညီငြိမ်းသတ်ဖို့ G7 နိုင်ငံတွေဘက်က ကန်ဒေါ်လာ သန်း ၂၀ ကျော် ထုတ်ပေးမယ်ဆိုပြီး အကူအညီကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

“ ဒီကမ်းလှမ်းချက်ကိုတော့ ကျွန်တော်တို့ အလေးထားပါတယ်၊ ဒါပေမယ့် ဒီအရင်းအမြစ်တွေဟာ ဥရောပကို သစ်တောပြန်လည်ထူထောင်ဖို့အတွက် ပို သင့်လျော်ပါတယ်” လို့ ဘရာဇီးသမ္မတ ဂျိုင်ရာ ဘော်ဆိုနာရို ရဲ့ ကိုယ်ရေးအရာရှိချုပ် လော်ရန်ဇိုနီက ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly