တရုတ်တွင် အမှိုက်ပြာချစက်ရုံစီမံကိန်းကို ပတ်ဝန်းကျင်ညစ်ညမ်းမည်စိုး၍ ဆန္ဒပြရာမှ အကြမ်းဖက်မှုအသွင်ကူးပြောင်း

တရုတ်တွင် အမှိုက်ပြာချစက်ရုံစီမံကိန်းကို ပတ်ဝန်းကျင်ညစ်ညမ်းမည်စိုး၍ ဆန္ဒပြရာမှ အကြမ်းဖက်မှုအသွင်ကူးပြောင်း

တရုတ်နိုင်ငံတောင်ပိုင်းတွင် အမှိုက်ပြာချစက်ရုံတစ်ရုံတည်ဆောက်မည့် စီမံကိန်းကို ဆန္ဒပြသူရာပေါင်းများစွာက ကန့်ကွက်ဆန္ဒပြရာမှ ပဋိပက္ခအသွင်ကူးပြောင်းခဲ့ပြီး ထိပ်တိုက်တွေ့မှုများဖြစ်ရာ လူ ၁၁ ဦးကို ဖမ်းဆီးထိန်း သိမ်းထားကြောင်း မြို့အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောသည်။

ဘေးမကင်းသည့် စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ဆယ်စုနှစ်များစွာအဟုန်ရလာသည့် တရုတ်နိုင်ငံတွင် နေရာများစွာ ပတ်ဝန်းကျင်ပျက်စီးမှုများ ကြုံတွေ့ဖို့ဖြစ်လာနေပြီး မီးခိုးဖုံးလွှမ်းမှုများကြောင့် ပညာတတ်များနှင့် လူချမ်းသာအသိုင်းအဝိုင်းများ၏ စိတ်ဆိုးဒေါသထွက်ခြင်းများ ရှိနေသည်။

ယခုဆန္ဒပြပွဲသည် လူဦးရေတစ်သန်းဝန်းကျင်ရှိသည့် ယန်ချန်မြို့တွင်း အောက်တိုဘာ ၁၀ ရက်က ဖြစ်ပွားခြင်းဖြစ်ပြီး စီမံကိန်းကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပွားလာမည့်ဘေးကို လူများက စိုးရိမ်မကင်းဖြစ်နေရခြင်းဖြစ်သည်။

"အန္တရာယ်ရှိတဲ့ မီးခိုးတွေကြား ဘယ်လိုနေရမလဲ။"ဟု ဒေသတွင်း နေထိုင်သူတစ်ဦးက ရိုက်တာသို့ အောက်တိုဘာ ၁၃ ရက်က ဖုန်းဖြင့် ပြောသည်။

"ပြီးခဲ့တဲ့ညကတော့ လူတွေတွေများများကို ရဲက ရိုက်နှက်ဖြိုခွင်းပြီး ပိုပြီးဖမ်းဆီးမှုတွေလုပ်လာပါတယ်။"ဟုလည်း အာဏာပိုင်များ ဒုက္ခပေးလာမည်ကို စိုးရိမ်၍ နာမည်ရင်းထုတ်ဖော်မပြောသော အမျိုးသမီးတစ်ဦးက ပြောခဲ့သည်။

ဆန္ဒပြသူများက ရဲတစ်ဦးအား ချုပ်နှောင်ကာ မြေပေါ်မှောက်ခိုင်းထားပုံ၊ ကားတစ်စီမှောက်ခုံဖြစ်နေပြီး မီးလောင်လျက်ရှိပုံစသည့် ဓာတ်ပုံများကို ဆင်ဟွာသတင်းဝက်ဘ်ဆိုက်တွင်   ဖော်ပြခဲ့သည်။   မော်တော်ယာဉ်သုံးစီး ပျက်စီးသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

မြို့အုပ်ချုပ်ရေးက ဥပဒေချိုးဖောက်သူ ၁၁ ဦးကို ဖမ်းဆီးထားပြီး ဒဏ်ရာရသူတစ်ဦးတစ်ယောက်မျှ မရှိကြောင်း အွန်လိုင်းတွင် ထုတ်ပြန်သည်။ ရဲဌာနက မည်သည့်ထင်မြင်ချက်မျှ   ပြောကြားခြင်း မရှိသေးပေ။

Ref ; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly