စပိန်မှာ လေယာဉ်ငယ်တစ်စင်းနဲ့ ရဟတ်ယာဉ်တစ်စင်း ဝေဟင်မှာ တိုက်မိပြီး လူ ခုနစ်ဦး သေဆုံး

စပိန်မှာ လေယာဉ်ငယ်တစ်စင်းနဲ့ ရဟတ်ယာဉ်တစ်စင်း ဝေဟင်မှာ တိုက်မိပြီး လူ ခုနစ်ဦး သေဆုံး

မက်ဒရစ်၊ သြဂုတ် ၂၆ ။         ။ စပိန်နိုင်ငံ မယ်လော်ကာကျွန်းမှာ တနင်္ဂနွေနေ့က လေယာဉ်ငယ်တစ်စင်းနဲ့ ရဟတ်ယာဉ်တစ်စင်း ဝေဟင်မှာ ဝင်တိုက်မိကြရာက ကလေးနှစ်ဦး အပါအဝင် လူ ခုနစ်ဦး သေဆုံးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဒေသစံတော်ချိန် နေ့လယ် တစ်နာရီခွဲလောက်မှာ အင်ကာမြို့ရဲ့ ကောင်းကင်မှာ ဒီ ယာဉ်နှစ်စင်း တိုက်မိကြတာလို့ ဘယ်လီယာရစ်ကျွန်းစု အုပ်ချုပ်ရေးရုံးက တွစ်တာကနေ ထုတ်ပြန်ပါတယ်။

လေယာဉ်ငယ်ပေါ် လိုက်ပါတဲ့ လူနှစ်ဦးနဲ့ ရဟတ်ယာဉ်ပေါ်က ငါးဦး စုစုပေါင်း ခုနစ်ဦးစလုံး သေဆုံးခဲ့ကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရှိသူက ဆိုပါတယ်။

ရဟတ်ယာဉ်ဟာ ဂျာမနီမှတ်ပုံတင်ထားတဲ့ ရဟတ်ယာဉ်ဖြစ်တာကြောင့် ယာဉ်ပေါ်ပါသူတွေဟာ ဘယ်နိုင်ငံသားတွေဖြစ်လဲဆိုတာ စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ အဲဒီ ပြောခါင့်ရသူက ဆိုပါတယ်။

ဒီ ယာဉ်နှစ်စီးဟာ ကောင်းကင်မှာ တိုက်မိပြီး လယ်ကွင်းတစ်ကွင်းထဲကို ပျက်ကျခဲ့တယ်လို့ ရဲက ပြောပါတယ်။

မယ်လော်ကာနဲ့ ဘယ်လီယာရစ်ကျွန်းတွေဟာ စပိန်ပိုင်ကျွန်းစုတွေဖြစ်ပြီး ခရီးသွားဧည့်သည် လာရောက်မှုများပြီး နွေရာသီမှာ ပိုမိုလာရောက်မှု ရှိကြပါတယ်။

အခုလို ရဟတ်ယာဉ်နဲ့ လေယာဉ်ငယ် တိုက်မိရာမှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ်က တွစ်တာကနေ ရေးသားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly