ဆီးရီးယားရှိ ရုရှသံရုံး လက်နက်ကြီးကျည် ထိမှန်

ဆီးရီးယားရှိ ရုရှသံရုံး လက်နက်ကြီးကျည် ထိမှန်

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တွင် အစိုးရထောက်ခံသူ ရာပေါင်းများစွာ ရုရှလေကြောင်းထိုးစစ်အား ထောက်ခံမှုများ အပြင်ဖက်တွင်စုဝေးလုပ်ဆောင်နေစဉ် ရုရှသံရုံးသို့ လက်နက်ကြီးကျည် နှစ်ကြိမ်ကျရောက်ပေါက်ကွဲသည်။

ထိုသံရုံးတိုက်ခိုက်ခံရမှုတွင် သေဆုံးသူတစ်ဦးမျှမရှိသော်လည်း ဒဏ်ရာရသူတစ်ချို့ရှိကြောင်း ဘီဘီစီသတင်းထောက်က ပြောသည်။

ပေါက်ကွဲမှုကြောင့် ထိတ်လန့်တကြား အုတ်အော်သောင်းနင်းထွက်ပြေးကြပြီး သံရုံးဝင်းတွင်းမှ မီးခိုးများ အူတက်လာသည်ကိုလည်း တွေ့ရသည်။

အကြမ်းဖက်မှုတစ်ရပ်ဖြစ်သည်ဟု ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ပြောသည်။

"ဒီတိုက်ခိုက်မှုက အကြမ်းဖက်မှုချေမှုန်းရေး ထိုးစစ်တွေကို ထောက်ခံနေသူတွေကို ခြိမ်းခြောက်လိုက်တာပါ။ အစွန်းရောက်တိုက်ဖျက်ရေး ပျံ့နှံ့သွားမှာကို တားဆီးလာတဲ့ တိုက်ခိုက်မှုပါ။"ဟု ၎င်းက ပြောသည်။

"ဆီးရီးယားအာဏာပိုင်တွေနဲ့ ပေါင်းပြီး ဒီတိုက်ခိုက်မှုလက်သည်ကို ဖော်ထုတ်သွားဖို့ လုပ်ဆောင်နေပါတယ်။"ဟု ၎င်းကပြောခဲ့သည်။

Ref ;BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly