ရုရှား၏ ကမ္ဘာ့ပထမဆုံးသော ရေပေါ် နျူကလီးယားဓာတ်အားပေးစက်ရုံရေယာဉ်ကြီး စတင်ထွက်ခွာတော့မည်

ရုရှား၏ ကမ္ဘာ့ပထမဆုံးသော ရေပေါ် နျူကလီးယားဓာတ်အားပေးစက်ရုံရေယာဉ်ကြီး စတင်ထွက်ခွာတော့မည်

သြဂုတ် ၂၃ ။                ။ ကမ္ဘာ့ ပထမဆုံးသော ရေပေါ် နျူကလီးယား ဓာတ်အားပေးစက်ရုံ ရေယာဉ် စီမံကိန်းကို ရုရှားတို့ တည်ဆောက်ခဲ့ပြီးနောက် ယနေ့ သြဂုတ် ၂၃ တွင် ယင်းကို အာတိတ်ဒေသ ခရီးစဉ်အတွက် စတင်စေလွှတ်ပို့ဆောင်တော့မည် ဖြစ်သည်။

အဆိုပါ ရုရှားတို့၏ ရေပေါ် နျူကလီးယား ဓာတ်အားပေးစက်ရုံစီမံကိန်းသည် ဒေသအတွက် ကြီးလေးသည့် ဆိုးကျိုး အန္တရာယ်များ ကျလာစေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူတွေဘက်က သတိပေးထားတဲ့ကြားက မော်စကို အာဏာပိုင်တွေကတော့ ယင်း ရေပေါ်နျူကလီးယား စွမ်းအင်စခန်း စီမံကိန်းကို ဆက်လက်ဖော်ဆောင်ရန် စိုင်းပြင်းနေလျက်ရှိသည်။

နျူကလီးယား လောင်စာသုံး Akademik Lomonosov ရေယာဉ်သည် Murmansk ဆိပ်ကမ်းမှ သြဂုတ် ၂၃ တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ဆိုက်ဘေးရီးယား အရှေ့မြောက်ဘက်သို့ ဦးတည်ကာ ကီလိုမီတာ ၅,၀၀၀ (မိုင် ၃,၀၀၀) ရေလမ်းခရီးကို စတင်တော့မည်ဖြစ်သည်။

အဆိုပါ ရေပေါ် နျူကလီးယားစက်ရုံသည် ပုံမှန် သမားရိုးကျ မြေပြင်တွင် တည်ဆောက်သည့် နျူကလီးယားဓာတ်အားပေးစက်ရုံများ၏ နေရာတွင် အစားထိုးနိုင်ရန် ရှိကြောင်း ရုရှား နျူကလီးယား အေဂျင်စီ Rosatom က ပြောသည်။

သို့သော် ယင်း ရေပေါ် နျူကလီးယား စက်ရုံ စီမံကိန်းသည် အလွန် အင်မတန် များကြောင်း၊ နျူကလီယား တိုက်တန်းနစ် သို့ ရေခဲပြင်ပေါ်မှ ချာနိုဘိုင်း လို့ပင် သတ်မှတ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုများက သတိပေးနေလျက် ရှိသည်။

နိုင်ငံ၏ ဝေးလံသော ဒေသများတွင် ပိုမိုကြီးထွားလာနေသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ယင်း စီမံကိန်းကို ရုရှားတို့ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly