အာဖဂန်နစ္စတန် မင်္ဂလာဆောင် ဗုံးခွဲတိုက်ခိုက်မှု လူပေါင်း ၆၀ ကျော် သေဆုံး၊ ရာနှင့်ချီ ဒဏ်ရာရ

အာဖဂန်နစ္စတန် မင်္ဂလာဆောင် ဗုံးခွဲတိုက်ခိုက်မှု လူပေါင်း ၆၀ ကျော် သေဆုံး၊ ရာနှင့်ချီ ဒဏ်ရာရ

သြဂုတ် ၁၈ ။       ။ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ မင်္ဂလာဆောင်ပွဲတစ်ခု ကျင်းပနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်လို့ လူပေါင်း ၆၃ ဦး သေဆုံးပြီး ၁၈၀ ကျော် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒီ ဖြစ်စဉ်ဟာ နောက်ပိုင်းနှစ်တွေအတွင်း ကဘူးလ်မြို့မှာ လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုဖြစ်စဉ်လည်း ဖြစ်လာခဲ့ပါတယ်။

ယင်း မင်္ဂလာဆောင်ပွဲမှာ အသေခံ ဗုံးခွဲသမားတစ်ဦးက ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဝင်ရောက်ဖောက်ခွဲသွားတာဖြစ်ကြောင်း သိရပါတယ်။

ဒီ ဗုံးခွဲတိုက်ခိုက်မှုကို မိမိတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း တာလီဘန်တို့က ငြင်းဆိုထားခဲ့သလို တစ်ခြားဘယ်အဖွဲ့အစည်းကမှလည်း ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြောခြင်း မရှိပါဘူး။

ရှီးယား မွတ်ဆလင်တွေ အများစုနေထိုင်တဲ့ မြို့ အနောက်ပိုင်း ဧရိယာတွင်းမှာ ယင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားသွားခဲ့ခြင်း ဖြစ်ပါတယ်။

ယခု ဖြစ်စဉ်မှာ ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်နေတယ်လို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly