မာကယ်သည် ဥရောပအတွက် အန္တရာယ်အကြီးဆုံး အမျိုးသမီးဟု ဂျာမနီ၏ အစ္စလာမ္မစ် ဆန့်ကျင်ရေးပါတီဝေဖန်

မာကယ်သည် ဥရောပအတွက် အန္တရာယ်အကြီးဆုံး အမျိုးသမီးဟု ဂျာမနီ၏ အစ္စလာမ္မစ် ဆန့်ကျင်ရေးပါတီဝေဖန်

ဒရက်စ်ဒင်၊ အောက်တိုဘာ ၁၃ ။           ။ ဂျာမနီ၏ အစ္စလာမ္မစ်ဆန့်ကျင်ရေးပါတီ PEGIDA သည် ဝန်ကြီးချုပ် အိန်ဂျလာမာကယ်အပေါ် ဝေဖန်တိုက်ခိုက်မှုများ အရှိန်မြင့်ခဲ့ပြီး မာကယ်သည် ဥရောပအတွက် အန္တရာယ်အကြီးဆုံးအမျိုးသမီးအဖြစ် ပြင်းထန်စွာဝေဖန်ကာ ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။

ဒုက္ခသည်များ ကြိုဆိုသည့် မာကယ်၏ပေါ်လစီကြောင့် ဂျာမနီသည် တောထဲက ကြီးမားသည့်စခန်းကြီးဖြစ်သွားခဲ့သည်ဟု ယင်းပါတီခေါင်းဆောင် တတ်ဂျာနာဖက်စ်တာလင်က နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒင်မြို့တွင် ၎င်းအားထောက်ခံသူ ထောင်ပေါင်းများစွာသော လူစုလူဝေးကြီးကို ပြောကြားခဲ့သည်။

ဇွန်လက ဒရက်စ်ဒင်မြို့တော်ဝန်ရွေးကောက်ပွဲများတွင် မဲအားလုံး၏ ၁၀ ရာခိုင်နှုန်းဖြင့် စတုတ္ထနေရာသာ ရရှိခဲ့သူဖြစ်သည်။ မာကယ်သည် ဥရောပအတွက် အန္တရာယ်အကြီးဆုံး အမျိုးသမီး အဖြစ်ပြောကြားကာ တာဝန်မဲ့သူအဖြစ် ဖက်စတာလင်က ရှုတ်ချပြောကြားခဲ့သည်။

ဥရောပ၏ အကြီးဆုံးစီးပွားရေး ဂျာမနီသည် ယခုနှစ်တွင် စစ်ဘေးနှင့် ဆင်းရဲမွဲတေမှုကြောင့်ထွက်ပြေးလာသူ တစ်သန်းခန့်ကို လက်ခံရန်မျှော်လင့်ထားရာ နိုင်ငံခြားသားဆန့်ကျင်ရေးအုပ်စုများနှင့် PEGIDA (အနောက်တိုင်းအား အစ္စလာမ်မှုပြုခြင်းအား ဆန့်ကျင်သည့် မျိုးချစ်ဥရောပတိုက်သားများ)လှုပ်ရှားမှုပါတီဝင်များကြား ဒေါသပေါက်ကွဲမှုဖြစ်စေခဲ့သည်။

အပတ်စဉ်ဆန့်ကျင်စုဝေးမှုများတွင် နောက်ဆုံးအကျော့တွင် မာကယ်သည် ဂျာမနီ၏ နယ်နိမိတ်များကို ကာကွယ်ရန် ငြင်းဆိုသူဖြစ်သည်ဟု ဖက်စတာလင်က စွပ်စွဲခဲ့သည်။

ဖက်စတာလင်အုပ်စုသည် ဒရက်စဒင်တွင် တနင်္လာနေ့လမ်းလျှောက်ချီတက်ပွဲများအဖြစ် လွန်ခဲ့သည့်တစ်နှစ်က လူရာဂဏန်းအချို့ဖြင့် ပေါ်လာခဲ့သည်။ နောက်ပိုင်းလများတွင် အရေအတွက်ပိုများခဲ့သည်။

အများဆုံးအဖြစ် နိုင်ငံခြားသားဆန့်ကျင်ရေးလူစုလူဝေးများက ဒရက်စ်ဒင်တွင် လူ၂၅,၀၀၀အထိဆွဲဆောင်နိုင်ခဲ့သည်။ ထို့အပြင် ဂျာမနီတစ်ဝန်း ပိုမိုများပြားသည့် ဖက်ဆစ်ဆန့်ကျင်ရေး လူစုလူဝေးများလည်း ဖြစ်ပေါ်ခဲ့သည်။

ယင်းအုပ်စုသည် ခေါင်းဆောင်ပိုင်းနှင့် ပတ်သက်၍ အသေးအဖွဲကိစ္စငြင်းခုံပြောဆိုခြင်းဖြင့် ပွဲဆူအောင်လုပ်ခဲ့သည်။ ထို့အပြင် ပူးတွဲတည်ထောင်သူ လုဇ်ဘက်ချ်မဲန်ကလည်း   နိုင်ငံခြားသားဆန့်ကျင်ရေးဟောပြောချက်များပြုလုပ်ခဲ့သည့်အပြင်၊ဖေ့စ်ဘွတ်မှ ၎င်း၏ဆယ်လ်ဖီများတွင်လည်း ဟစ်တလာနုတ်ခမ်းမွှေးနှင့် ဆံပင်ပုံစံများဖြင့် ၎င်း၏ပုံများကြောင့် အုတ်အာသောင်းတင်းဖြစ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly