ကွတ်ခိုင်ဒေသတွင် မူးယစ်ဆေး ချက်လုပ်သည့် တဲများကို ဝင်ရောက်ဖမ်းဆီး

By မဇၥ်ိမ ၊ အေအက်ဖ်ပီ
02 August 2019
ကွတ်ခိုင်ဒေသတွင် မူးယစ်ဆေး ချက်လုပ်သည့် တဲများကို ဝင်ရောက်ဖမ်းဆီး
This undated handout from Myanmar's Office of the Commander-in-Chief of Defence Services received on August 1, 2019 shows items found at a jungle drug lab in Kutkai Township in Shan State. Photo: Office of the Commander-in-Chief of Defence Services/AFP

သြဂုတ် ၂ ။      ။ မြန်မာနိုင်ငံတွင်းက  မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် တောတွင်း တဲများကို ဝင်ရောက် ဖမ်းဆီးစဉ် လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှု ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က သြဂုတ် ၁ ရက်တွင် ပြောသည်။

နာမည်ဆိုးထွက်နေသည့် ရွှေတြိဂံ ဒေသ ဗဟိုချက် ၊ ရှမ်းပြည်နယ်တွင်းက ဥပဒေနှင့် လွတ်ကင်းနေသည့် နယ်မြေများရှိ မူးယစ်ဆေး ချက်လုပ်သည့် တဲများကို ပိတ်သိမ်းရန် မြန်မာ အပေါ် အိမ်နီးချင်းနိုင်ငံများက တိုးမြှင့် ဖိအားပေးလျက် ရှိသည်။

အဓိက ကျသည့် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းမှုတစ်ရပ်ကို ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ပြီးခဲ့သည့် လက စတင်ခဲ့ကြောင်း စစ်တပ်က ပြောသည်။ ယင်း ဒေသတွင် မူးယစ်ရာဇာ ဂိုဏ်းအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ၊ လုံခြုံရေးတပ်ဖွဲ့များက ဒေါ်လာငွေ ဘီလီယံနဲ့ချီသော မူးယစ်ဆေးထုတ်လုပ်ရောင်းဝယ်သည့် လုပ်ငန်းကို  လုပ်ကိုင်နေသည်ဟု စွပ်စွဲခံထားရသည်။

မူးယစ်ဆေး ချက်ရာတွင် သုံးသည့် ဓာတုပစ္စည်း များနှင့် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသည့် ice များကို ဝင်စီးနင်းမှုတစ်ခုအတွင်း ဖမ်းဆီးရမိခဲ့သည်။

“ မူးယစ်ဆေး နှိမ်နှင်းမှုတွေကို ဆက်လုပ်နေပါတယ်” ဟု အမည် မဖော်လိုသူ မူးယစ်နှိမ်နှင်းရေးရဲတပ်ဖွဲ့ အရာရှိကြီးတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

စစ်တပ်နှင့်  မူးယစ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့သည် ဇူလိုင် ၂၁ ရက်က ယင်း ဧရိယာတွင် စီးနင်းဖမ်းဆီးမှုများ ကနဦး ပြုလုပ်ခဲ့သော်လည်း လက်နက်ကြီးဖြင့် တွန်းလှန်ပစ်ခတ်မှု ကြုံခဲ့သည်ဟု ၎င်းအရာရှိက ပြောသည်။

ရက်အနည်းငယ်အကြာတွင် တဲပေါင်း ၁၀၀ နီးပါး ရှိသော ကြီးမားသည့် မူးယစ်ဆေး ထုတ်လုပ်သည့် ယင်းနေရာကို ဝင်ရောက်စီးနင်းခဲ့ရာ ခန့်မှန်း တန်ဖိုး ဒေါ်လာ ၁၀ ဒသမ ၅ သန်း ရှိ ice ကီလို ၇၅၀ နှင့်အတူ yaba ဆေးပြား ၉,၀၀၀ ကို ဖမ်းဆီးနိုင်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly