လုပ်ခလစာနှင့် အလုပ်သမားအခွင့်အရေးများအတွက် ပုသိမ် AMAVA APPAREL LTD အထည်ချုပ်စက်ရုံမှ အလုပ်သမားများ တောင်းဆို

30 July 2019
လုပ်ခလစာနှင့် အလုပ်သမားအခွင့်အရေးများအတွက် ပုသိမ် AMAVA APPAREL LTD အထည်ချုပ်စက်ရုံမှ အလုပ်သမားများ တောင်းဆို

ပုသိမ်မြို့ AMAVA APPAREL LTD အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခလစာနှင့် အလုပ်သမား အခွင့် အရေးများအတွက် ဇူလိုင်၂၉ရက်နေ့ နံနက်ပိုင်းတွင် စက်ရုံအရှေ့၌ တောင်းဆိုခဲ့ကြပြီး ယင်းတောင်းဆို ချက်များနှင့်ပတ်သက်၍ နှစ်ဘက်ညှိနှိုင်းနေကြောင်း သိရှိရသည်။

“လိုင်းထဲကလူတွေကို ဟိုလိုင်းပို ့ဒီလိုင်းပို့ သူဌာနနဲ ့သူမထားဘဲ အဲဒီလိုမျိုးလုပ်တာတွေ၊လိုင်းထဲမှာရှိပါတယ်။ မိန်းခလေးတွေကိုလက်ကုပ်တာတို ့ရှိတယ်။ နိုင်ငံခြားသားတွေပဲပေါ့ ၊အဲဒါတွေကို တောင်းဆိုထားတဲ့ အချက် တွေ ရှိတယ်”ဟု MAVA အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂမှ မလှလှအေးက ပြောသည်။

တောင်းဆိုချက်များတွင် အလုပ်သမားများ၏ဆန္ဒမပါဘဲ အလုပ်ဌာနပြောင်းရွှေ ့ခြင်း၊လိုင်းပြောင်းရွှေခြင်းများ မပြုလုပ်ဘဲ ဌာနလိုင်းပုံသေသတ်မှတ်ပေးရန်၊ အဝေးသင်တက္ကသိုလ် တက်ရောက်ရမည့် အလုပ်သမားများအား ကျောင်းတက်ရန်အတွက် လစာမဲ့ခွင့်ရက် ၄၅ရက်အား ခွင့်ပြုပေးရန်နှင့် အလုပ်ထုတ်ပယ်ခြင်း မပြုလုပ်ရန်၊ လုံခြုံရေး အလုပ်သမားများ၏ ဖေဖော်ဝါရီလ၂၀၁၉အတွက် ရရှိရန် ကျန်နေသေးသော အချိန်ပိုလုပ်အားခများ အား ယခုလကုန် လစာတွင် ထည့်သွင်းပေးချေသွားရန် စသည်အချက်များအား တောင်းဆိုခဲ့သည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly