တားမြစ်ပိတ်ပင်မှုတွေကို အာခံရင်း ဟောင်ကောင်ဆန္ဒပြသူတွေ မြို့ထဲမှာ ထပ်မံ စုရုံးချီတက်ကြပြန်

တားမြစ်ပိတ်ပင်မှုတွေကို အာခံရင်း ဟောင်ကောင်ဆန္ဒပြသူတွေ မြို့ထဲမှာ ထပ်မံ စုရုံးချီတက်ကြပြန်

ဇူလိုင် ၂၈ ။           ။ အာဏာပိုင်တွေ တားမြစ်ပိတ်ပင်ထားတဲဲ့ကြားကပဲ ဟောင်ကောင် ဆန္ဒပြသူ ထောင်ပေါင်းများစွာတို့ကတော့ ဇူလိုင် ၂၈ ရက်မှာလည်း ခွင့်ပြုချက်မရှိဘဲ စုရုံးချီတက်ဆန္ဒပြမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပြန်ပါတယ်။

ယမန်နေ့က တရားမဝင်  စုရုံးဆန္ဒပြသူတွေကို ရဲတွေဘက်က ရာဘာကျည်တွေ၊  မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲမှုတွေ ရှိခဲ့ပြီးနောက်တစ်နေ့မှာပဲ ခုလို ဆန္ဒပြမှုတွေ ထပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ယခု လက်ရှိအခြေအနေတွေအရ ဘဏ္ဍာရေးအချက်အချာ  ဟောင်ကောင်မြို့ရဲ့ အကျပ်အတည်းတွေကတော့ ပိုမို နက်ရှိုင်းသထက် နက်ရှိုင်းလာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဟောင်ကောင်ရဲ့ အဓိကလမ်းမတွေမှာ ခုလို ဆန္ဒပြလူအုပ်စုကြီး ချီတက်မှုကတော့ မြင်နေကျ မြင်ကွင်းတစ်ခုလို ဖြစ်နေပေမယ့် ယခု တနင်္ဂနွေ ချီတက်မှုကတော့ ရဲတွေက ပိတ်ပင်ထားတဲဲ့အတွက် ကွဲပြားခြားနားမှုတစ်ခု ဖြစ်နေခဲ့ပါတယ်။

အာဏာပိုင်တွေကဘက်ကတော့ ဗဟိုအရပ် လို့ သိကြတဲ့ အရပ်ဒေသက ပန်းခြံတစ်ခုမှာပဲ စုရုံးကြဖို့ တရားဝင် ခွင့်ပြုချက်ပေးထားပါတယ်။

သို့ပေမယ့် ဆန္ဒပြလူအုပ်စုတွေကတော့ ယင်းနေရာကနေတဆင့် အခြား အနီးအနား လမ်းတွေဆီ ပြန့်နှံ့သွားကြပြီး ပိတ်ပင်တားမြစ်ချက်တွေကို အံတုရင်း ချီတက်မှုတွေ ပြုလုပ်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags