အိန္ဒိယမှာ ရေကြီးလို့ သောင်တင်နေတဲ့ ရထားပေါ်က ခရီးသည်တွေကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်

အိန္ဒိယမှာ ရေကြီးလို့ သောင်တင်နေတဲ့ ရထားပေါ်က ခရီးသည်တွေကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်

ဇူလိုင် ၂၈ ။             ။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အနီးမှာ ဇူလိုင် ၂၇ ရက်က ရေလွှမ်းမိုးမှုဖြစ်လို့ သောင်တင်နေတဲ့ ရထားပေါ်မှာ ပိတ်မိနေတဲ့ ခရီးသည် ၇၀၀ ခန့်ကို အိန္ဒိယရေတပ်က ရဟတ်ယာဉ်တွေ၊ အရေးပေါ် ကယ်ဆယ်ရေးလှေတွေ သုံးပြီး ကယ်ဆယ်ခဲ့ရပါတယ်။

အဆိုပါ အမြန်ရထားဟာ ဇူလိုင် ၂၆ ရက်က မွမ်ဘိုင်းကနေ ထွက်ခွာလာပြီး ကိုလ်ဟားပူရ် မြို့ထံ ဦးတည်ခုတ်မောင်းခဲ့စဉ် ခရီးအကွာအဝေး ၃၇ မိုင်သို့  ရောက်ရှိစဉ်မှာပဲ ရေကြီးပြီး သံလမ်းရေကျော်မှုဖြစ်လို့ ဆက်မသွားနိုင်ဘဲ သောင်တင်နေခဲ့တာဖြစ်ပါတယ်။

ယင်းနောက် အိန္ဒိယ ရေတပ်နဲ့ အမျိုးသား သဘာဝဘေး ကယ်ဆယ်ရေး တပ်ဖွဲ့ NDRF တို့ က ဟယ်လီကော်ပတာတွေ၊ လှေတွေ သုံးပြီး ရထားစီး ခရီးသည်တွေကို ကူညီကယ်ဆယ်ပေးခဲ့ရပါတယ်။

အချိန် နှစ်နာရီအတွင်း ခရီးသည် ၅၀၀ လောက်ကို ကယ်ပေးနိုင်ခဲ့တယ်လို့ NDRF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ယင်း သောင်တင်နေတဲ့ ရထားအနီးမှာ ကမ့်စခန်းတစ်ခုကိုလည်း NDRF က ထူထောင်ခဲ့ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၇ ရက်က မွမ်ဘိုင်းမှာ မုတ်သုံးမိုး သည်းထန်စွာ ရွာသွန်းလို့ မြို့ရဲ့ နိုင်ငံတကာ လေဆိပ်မှာလည်း လေကြောင်းခရီးစဉ် ၁၁ ခုကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly