ပရီးမီးယားလိဂ်လစာမှာ လွန်စွာဆွဲဆောင်နိုင်စွမ်းရှိဟု မန်ယူပစ်မှတ်မူလာ ဝန်ခံ

ပရီးမီးယားလိဂ်လစာမှာ လွန်စွာဆွဲဆောင်နိုင်စွမ်းရှိဟု မန်ယူပစ်မှတ်မူလာ ဝန်ခံ

အောက်တိုဘာ ၁၂၊ မြူးနစ် ။           ။ မန်ယူအသင်းကခေါ်ယူရန်ပစ်မှတ်ထားနေသော ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမတ်စ်မူလာက ပရီးမီးယားလိဂ်လုပ်ခလစာမှာ လွန်စွာဆွဲ ဆောင်မှုရှိသည်ဟု ဝန်ခံပြောဆိုလိုက်သည်။

မန်ယူအသင်းအမှုဆောင်ဒုဥက္ကဋ္ဌ အက်ဝုဒ်ဝက်သည် ကမ္ဘာ့ဖလားချန်ပီယံဂျာမနီအသင်းသား မူလာကိုခေါ်ယူနိုင်ရန် နွေရာသီတစ်လျှောက် လုံး နံပါတ်တစ်ပစ်မှတ်ထားကြိုးပမ်းခဲ့သော်လည်း အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့သည်။

ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းသည် ၎င်းတို့၏တိုက်စစ်မှူး မူလာကို ရောင်းချမည်မဟုတ်ကြောင်းနှင့် ကစားသမားကိုယ်တိုင် ကလည်း ထွက်ခွာလိုခြင်းမရှိကြောင်း ကြေညာထားသည်။

သို့သော် အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးက ပရီးမီးယားလိဂ်လုပ်ခလစာမှာ လွန်စွာဆွဲဆောင်မှုရှိသည်ဟု ပြောဆိုလိုက်ပြီးနောက် မေးခွန်း ထုတ်စရာဖြစ်လာခဲ့သည်။

"ဘောလုံးကစားတာက ကျွန်တော်တို့အလုပ်ဆိုတာ မမေ့သင့်ဘူး။ ဒါကြောင့် ကစားသမားတွေရဲ့ဆုံးဖြတ်ချက်မှာ လစာတွေကအမြဲတမ်းလို အခန်းကဏ္ဍတစ်ခုအဖြစ်ပါတယ်ဆိုတာကို လူတွေလက်ခံသင့်ပါတယ်။ ပရီးမီးယားလိဂ်မှာပေးနေတဲ့လစာတွေကတော့ တော်တော်လေး ဆွဲ ဆောင်မှုရှိတယ်။ အဲဒါကိုငြင်းနိုင်ဖို့လည်း ခက်တယ်။ ဘယ်ဟာက ကိုယ့်အတွက်သင့်တော်မလဲဆိုတာကို ဆုံးဖြတ်ဖို့လိုပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေငွေသုံးတဲ့အပေါ် ဂျာမန်ကလပ်အတော်များများ မနှစ်မြို့တာကိုသိပေမယ့် အဆုံးသတ်မှာတော့ ကလပ်အသင်း အားလုံးအတွက်ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကလပ်အသင်းအနေနဲ့ ငွေအများကြီးမြှုပ်နှံသုံးစွဲတာကသာ ဘောလုံးလောကအ တွက် ကောင်းတာဖြစ်နိုင်ပါတယ်"ဟု မူလာက ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly