အီရန်ရန်ကြောင့် ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောတွေကို ဗြိတိန်ရေတပ် စောင့်ကြပ်လိုက်ပါ

အီရန်ရန်ကြောင့် ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောတွေကို ဗြိတိန်ရေတပ် စောင့်ကြပ်လိုက်ပါ

လန်ဒန်၊ ဇူလိုင် ၂၇ ။          ။ ရေကြောင်းသွားလာမှု များပြားရာ ဟော်မုဇ်ရေလက်ကြားမှာ ဗြိတိန်အလံလွှင့် ကုန်သင်္ဘောအားလုံးကို ဗြိတိန်ရေတပ် စစ်သင်္ဘောတွေက လိုက်ပါစောင့်ရှောက််ပေးနေပြီ ဖြစ်ပါတယ်။

ပင်လယ်ကွေ့မှာ တင်းမာမှုတွေ မြင့်တက််နေချိန် ဗြိတိန်နိုင်ငံက ခုလို ကုန်သင်္ဘောတွေကို စစ်သင်္ဘောတွေက လိုက်ပါစောင့်ရှောက်ပေးတဲ့ ပေါ်လစီကို ကြေညာလာတာပဲ ဖြစ်ပါတယ်။

ပင်လယ်ကွေ့ဆီ ဝင်ပေါက်ရေကြောင်းလမ်းမှာ ဗြိတိန်ရေနံတင်သင်္ဘောတစ်စီးကို အီရန်စစ်သားတွေ ဖမ်းဆီးပြီးနောက်မှာ ဗြိတိန်အနေနဲ့ ၎င်းအလံလွှင့်တင်တဲ့ ကုန်သင်္ဘောအားလုံးကို ရေတပ်က စောင့်ရှောက််မှု ပေးလာတော့တာဖြစ်ပါတယ်။

HMS Montrose ဗြိတိန်ဖရီးဂိတ်သင်္ဘောဟာ ကုန်တင်သင်္ဘောနှစ်စီးကို အဲဒီရေလက်ကြားမှာ လိုက်ပါစောင့်ရှောက်ရင်း ကာကွယ်မှု ပေးခဲ့ပါတယ်။

“တော်ဝင်ရေတပ်အနေနဲ့ ဟော်မုဇ်ရေလက်ကြားတစ်လျှောက် ဗြိတိန်အလံလွှင့် သင်္ဘောတွေအားလုံးကို လိုက်ပါစောင့်ရှောက်ပါမယ်။ ဒီရေလက်ကြားကို ဖြတ်သန်းမယ့်် ဗြိတိန်သင်္ဘောတွေအနေနဲ့ ရေတပ်ကို ကြိုအကြောင်းကြားပေးကြပါ။”လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့မှာ ပြောပါတယ်။

ရေနံကုန်ကူးမှုအတွက် တစ်ကမ္ဘာလုံးမှာ အရေးကြီးဆုံး ရေလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားမှာ ပြီးခဲ့တဲ့သီတင်းပတ် သောကြာနေ့က ဗြိတိန်ရေနံတင်သင်္ဘော Stena Impero နဲ့အတူ သင်္ဘောသား ၂၃ ဦးကို အီရန်တော်လှန်ရေးအစောင့်တပ်က ဖမ်းဆီးခဲ့ပြီးနောက်မှာ အီရန်နဲ့ ဗြိတိန််ကြား တင်းမာမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly