ကျားမတန်းတူညီမျှရေးအတွက် ကျောင်းသားတွေကို စကပ်ဝတ်ခွင့်ပေးတဲ့ ထိုင်ဝမ်ကျောင်း

ကျားမတန်းတူညီမျှရေးအတွက် ကျောင်းသားတွေကို စကပ်ဝတ်ခွင့်ပေးတဲ့ ထိုင်ဝမ်ကျောင်း

ကျောင်းယူနီဖောင်းဝတ်စုံအရ လိင်ခွဲခြားမှု ရှိနေတာ လျော့ပါးသွားအောင် လုပ်ဆောင်မယ်လို့ ကြေညာပြီး ထိုင်ဝမ်က ကျောင်းတစ်ကျောင်းဟာ ကျောင်းသားတွေကို စကပ်ဝတ်ခွင့် ပေးတော့မှာ ဖြစ်ပါတယ်။

ဒီ လုပ်ဆောင်ချက်ဟာ လိင်တန်းတူညီမျှမှုကို မြှင့်တင်ခြင်းပဲဖြစ်တယ်လို့ လိင်တူလိင်ကွဲချစ်သူ LGBT အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ကျားမခွဲခြားမှု ရှိရာ အာရှဒေသမှာ ရှားရှားပါးပါးဖြစ်တဲ့ ဒီလုပ်ဆောင်ချက်ဟာ တိုင်ပေမြို့နားက ဘန်ကာအိုအထက်န်းကျောင်းမှာ စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်။

လိင်ခွဲခြားမှု လျှော့ချရေးဆိုပြီး အဲဒီကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေဟာ သီတင်းပတ်ကြာ စကပ်ဝတ်တဲ့ ကမ်းပိန်းကို လုပ်ဆောင်ခဲ့ပြီးနောက်မှာ ခုလို ကျောင်းသားတွေ စကပ်ဝတ်နိုင်ကြောင်းကို ခွင့်ပြုပေးဖို့ ဖြစ်လာတာပဲ ဖြစ်ပါတယ်။

ထိုင်ဝမ်ဟာ အာရှရဲ့ လိင်တန်းတူညီမျှစွာ ဆက်ဆံတဲ့ အဓိကဒေသအဖြစ် နာမည်ဂုဏ်သတင်း ရထားတာကို အခု ဒီကျောင်းရဲ့ အစီအစဉ်က အားပေးမြှင့်တင်လိုက်ရာလည်း ရောက်ပါတယ်။

ထိုင်ဝမ်ဟာ မေလအတွင်းက လိင်တူထိမ်းမြားလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုခဲ့ပြီး  အာရှမှာ ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly