နောက်တစ်ကြိမ် သဘာဝဘေးအတွက် အစိုးရ ကြိုတင်ပြင်ဆင်ထားဟုဆို

နောက်တစ်ကြိမ် သဘာဝဘေးအတွက် အစိုးရ ကြိုတင်ပြင်ဆင်ထားဟုဆို

ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လ/ထညွှန်ကြားရေးမှူး ဒေါ်ဝင်းဥမ္မာနှင့် တွေ့ဆုံခြင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဥမ္မာကို သဘာဘေးအန္တရာယ် ကျရောက်သည့်အခါ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ ဆောက်ရွက်ရသည့်အပိုင်းကို မဇ္ဈိမက တွေ့ဆုံမေးမြန်ထားပါသည်။

မေး ။ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဖွဲ့စည်းပုံနဲ့ ဆောက်ရွက်ရတဲ့ အပိုင်းကို ပြောပြပေးပါဦးခင်ဗျာ။

ဖြေ။ ကျွန်မတို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရးဝန်ကြီးဌာနမှာ ဦးစီဌာနနှစ်ခုရှိတယ်။ ကျွန်မတို့ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးဌာနကျတော့ ဘယ်လိုလဲ ဆိုတော့ ပြည်နယ်နှင့်တိုင်းမှာရှိတဲ့ ဖွင့်လှစ်ထားတဲ့ ရုံးအနေအထားအရ ကျွန်မတို့ဌာနမှာ လက်ရှိခရိုင်ရုံးတွေပဲရှိသေးတယ်။ ဒါပေမယ့် ခရိုင်ရုံးတောင်မှ ခရိုင်အားလုံးမရှိသေးဘူး။ အထူးသဖြင့် ရုံးဖွဲ့စည်းပုံချဲ့လိုက်တဲ့အခါမှာ သဘာဝဘေးအဖြစ်များတဲ့ ဒေသများကို ဦးစားပေး ခရိုင်ရုံးတွေကို ထပ်ချဲ့သွားတယ်။တစ်ချို့ဒေသတွေ ခရိုင်ရုံးအားလုံးမရှိသေးဘူး။ မြို့နယ်အဆင့်ရုံးတွေလည်း မရှိသေးဘူး။ကျွန်မတို့ဌာနမှာ အခြားဌာနတွေနဲ့စာရင် ဖွဲ့စည်းပုံအရ ကျဉ်းပါတယ်။ အဲ့ဒီကျွန်မတို့က ဘေးအန္တရာယ်ဖြစ်လာတဲ့အခါမှာ ကယ်ဆယ်ရေးအပိုင်းကို ကျွန်မတို့ဌာနက လုပ်တာမဟုတ်ပါဘူး၊ အများက ထင်လိုက်ရင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုတော့ ကျွန်မတို့ဌာနနဲ့ပဲဆိုင်တယ်လို့ ထင်ကြတယ်။

မေး ။ ဘေးအန္တရာယ်ကျရောက်တဲ့အခါမှာ ရှာဖွေကယ်ဆယ်ရေးအပိုင်းတွေကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီဌာန ဆောင်ရွက်တာမျိုး မလုပ်ဘူးသိရပါတတယ်၊ ဘယ်ဌာနတွေက ဆောင်ရွက်တာလဲ ခင်ဗျာ့။

ဖြေ။ တစ်ကယ်တမ်းကျတော့ ရှာဖွေကယ်ဆယ်ရေးအပိုင်းကို ပြည်ထဲရေးဝန်ကြီးဌာနက အဓိကွပ် ကဲလုပ်တာ ပါ၊ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ မီးသတ်တို့၊ရဲတို့ပါ၊လိုအပ်လို့ရှိရင်လည်း ဌာနအချင်းအချင်း ညှိနှိုင်းပြီး တပ်မတော်နဲ့ ပေါင်းပြီးလုပ်တာ၊ကျွန်မတို့က ထွေအုပ်ရဲ့အကူအညီယူတယ်၊ ပြည်ထဲရေးဝန်ကြီးဌာန အကူအညီကို ယူတယ်၊ သဘာဝဘေးဖြစ်လာပြီဆိုလို့ရှိရင်လဲ ကျွန်မတို့ သဘာဝဘေးသင့်တွေထံသို့ ထောက်ပံ့ပစ္စည်းတွေ တိုက်ရိုက်ပေးခွင့်မရှိပါဘူး။ ပြည်ပအလှူရှင်ကပဲ လှူလှူ၊ ပြည်တွင်းအလှူရှင်ကပဲ လှူလှူ၊ ပြီးတော့ ကျွန်မတို့ ဝန်ကြီးရဲ့ ဘတ်ဂျက်နဲ့ ဝယ်ယူထားတဲ့ ဘယ်ကယ်ဆယ်ရေးပစ္စည်းကို မဆိုပါ။

မေး ။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးဌာနကရော သဘာဝဘေးအန္တရာအတွက် ကြိုတင်ကာကွယ်ရေးအပိုင်းတွေကို ဘယ်လို ဆောင်ရွက်ပါသလဲ။

ဖြေ ။ ကြိုတင်ကာကွယ်ရေးအပိုင်းမှာကျတော့ ကျွန်မတို့အနေနဲ့က ဘာတွေလုပ်ပေးလဲဆိုတော့ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုသင်တန်းတွေ ဖွင့်ပေးတယ်၊ကျေးလက်ဒေသက ပြည်သူတွေကို သဘာဝဘေးအန္တရာယ်နဲ့ အသိပညာတွေ ပေးနိုင်ဖို့အတွက် စေတနာ့ဝန်ထမ်းတွေရှာတယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနကနေပြီးတော့ တစ်ဆင့် သင်တန်းသားတွေ စုဆောင်းတယ်၊ ကျွန်မတို့ဌာနက ပြည်နယ်နှင့်တိုင်းဒေသကြီးက ဝန်ထမ်းများကိုလည်း ဆရာဖြစ်သင်တန်းတွေပေးတယ်။ အကုန်လုံး ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးကို သင်တန်းတွေ ပေးတာပါ။ အဲ့ဒါတွေကလည်း ကျွန်မတို့ဌာနက လုပ်ပေးတဲ့ အပိုင်းပေါ့။ သဘာဝဘေးတစ်ခုချင်းစီရဲ့ ဆောင်ရန်၊ ရှောင်ရန်အတွက် အချက်တွေပါတဲ့ လက်ကမ်းစာဆောင်တွေလည်း ဖြန့်ဝေပါတယ်။

မေး ။ ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းတွေကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးဌာနက ဘယ်လိုစီမံခန့်ခွဲပါလဲ။

ဖြေ ။ ပြည်တွင်း၊ပြည်ပ အလှူရှင်တွေလာတယ်၊ အလှူပစ္စည်းတွေလှူတယ်။ ဟုတ်ပြီ ကျွန်မတို့ ဌာနကို လာလှူတယ်။ ဒါပေမယ့် အဲ့ဒီပစ္စည်းတွေကို သက်ဆိုင်ရာ စားရင်းအချက်အလက်နဲ့တစ်ကွ အထွေအုပ်ချုပ်ရေးဦးစီးဌာနကို လွှဲပေးပါတယ်။ ဥပမာ ဘယ်ပြည်နယ်၊ ဘယ်တိုင်းမှာ ဘာပစ္စည်းတွေကတော့ လိုနေတယ်၊ အခု ရေးဘေးဆိုရင် ကျွန်မတို့ဌာနက ဘယ်လိုလုပ်လဲဆိုတော့ ရေကြီးပြီးမြေပြိုတာ ချင်းမှာဖြစ်တယ်၊ စစ်ကိုင်း၊ မကွေးတို့ ရုတ်တရက်အဖြစ်များတာပေါ့နော်။ ပဲခူး၊ ရခိုင်တို့ပေါ့နော် အဲ့လို အဖြစ်များတဲ့ ဒေသတွေကို ကျွန်မတို့က ဌာနဆိုင်ရာတွေ ကို  အချက်အလက်တွ တောင်းလိုက်တယ်၊အချက်အလက်တွေစုပြီးတော့ ပြည်နယ်နှင့်အစိုးရက ဘယ်လောက် ထောက်ပံံ့ပြီးပြီးလည်း၊ ဘာပစ္စည်းတွေ အဓိကလိုနေလဲ၊ ဘာတွေကို ထောက်ပံ့နေလဲ ကျွန်မတို့က အဲ့ဒါတွေကို ကြည့်ပြီး ဘယ်ပြည်နယ်နှင့်ဘယ်တိုင်းမှာ ဘာတွေလိုအပ်လဲဆိုတာကို ပို့ပါတယ်၊ဒေသတစ်ခုနဲ့ တစ်ခုနဲ့တစ်ခုက လိုအပ်တာချင်း မတူဘူးလေ။

မေး ။ ပြည်တွင်း၊ပြည်ပအလှူငွေကိုတွေ ဘယ်လိုစီမံခန့်ခွဲပါလဲ။

ဖြေ ။ အလှူငွေတွေကိုတော့ ကျွန်မတို့က ပြည်တွင်းပြည်ပ အလှူရှင်တွေက လှူဒါန်းတဲ့ငွေတွေကိုတော့ ဘဏ်အကောက်နဲ့ထားတယ်၊ ဘယ်ငွေကြေးမဆို ကျွန်မတို့က လက်ခံတယ်၊ ပြည်တွင်းက လာလှူတဲ့သူ တွေရှိတယ်။ ပြည်ပအလှူငွေဆိုလည်း ဘဏ်အကောင့်နဲ့ သတ်သတ်ထားတယ်။ ရတဲ့အလှူငွေနဲ့ရော နိုင်ငံတော် သမ္မတရန်ပုံငွေနဲ့ရော ညှိပြီးတော့ ပြန်လည်ထူထောင်ရေးအတွက် တံတားတွေ ဘယ်နှစ်စင်းပျက်သွားတယ်၊ ချက်ချင်း ယာယီပြင်ပေးရမှာတွေက ဘာတွေရှိလဲ၊ ကျောင်းတွေ ချက်ချင်းပြန်ဖွင့်ပေးနိုင်အောင် ဘာတွေလုပ်ပေးရမလဲ၊ ရေရှည်အတွက်ဆိုရင် ကျန်းမာရေးအတွက် ဆေးရုံတွေဘယ်လိုလုပ်ပေးရမလဲ အဲ့ဒါမျိုးတွေကို အလှူငွေနဲ့ ကျွန်မတို့က မျှတစွာပေါ့နော်၊ ဘယ်ပြည်နယ်မှာတော့ ဘာတွေ ဘယ်လောက်ပျက်တယ်ဆိုတာကို ပြည်နယ် အစိုးရတွေကနေ တက်လာတယ်၊ အဲ့ဒါတွေကို ကျွန်မတို့က အစီအစဉ်တွေဆွဲပြီးတော့ ထောက်ပံ့ဖို့ လုပ်တယ်။

မေ ။ ကယ်ဆယ်ရေးနှင့်ထောက်ပံ့ပစ္စည်းတွေကို ဘယ်လို သိုလှောင်ထားရှိလဲ။

ဖြေ ။ ကျွန်မတို့မှာ အဓိက ပြည်နယ်နှင့်တိုင်းမှာ သိုလှောင်ရုံ(၃၃)ခုရှိတယ်၊တစ်ချို့သိုလှောင်ရုံတွေက အိမ်ထောင်စုတစ်ထောင်စာ၊ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ဗဟိုသိုလှောင်ရုံကြီးတွေကတော့ အိမ်ထောင်စု တစ်သောင်းစာပေါ့၊အထက်မြန်မာပြည်အတွက်ဆိုရင် မန္တလေးဗဟို သိုလှောင်ရုံရှိတယ်။ အောက်မြန်မာပြည်အတွက် ရန်ကုန်ဗဟို သိုလှောင်ရုံရှိတယ်။ ဗဟိုသိုလှောင်ရုံသည် ဘာလဲဆိုတော့ အောက်မြန်မာပြည်နဲ့ဆိုင်တဲ့ ပြည်နယ်နဲ့ တိုင်းခရိုင်ဆို အောက်မြန်မာပြည် ဗဟိုသိုလှောင်ရုံကနေပြီးတော့ ပစ္စည်းတွေ ဖြန့် ဖြူးတာ၊ ဗဟိုသိုလှောင်ရုံက ပစ္စည်းဖြည့်တင်းတဲ့အပိုင်းပါ၊ ပစ္စည်းတွေ အများစုကတော့ စက်မှုဝန်ကြီးဌာနကနေ ဝယ်ယူရှိတယ်၊ နောက် တင်ဒါစနစ်နဲ့ ဝယ်ယူတာရှိတယ်။

မေး ။ ပြီးခဲ့တဲ့ဇွန်လနဲ့ဇူလိုင်လပိုင်းက ဖြစ်ခဲ့တဲ့ ရေးဘေးနဲ့ ပတ်သက်ပြီး အခုလက်ရှိမှာ ဘယ်လိုတုံ့ပြန်မှုတွေ၊ ပြန်လည်ထူထောင်ရေးတွေ ဆောက်ရွက်နေလဲခင်ဗျာ့။

ဖြေ ။ အရေးပေါ်တုံ့ပြန်မှုတွေလည်း ပြီးသွားပြီ။ စာရင်းတွေလည်း တည်ငြိမ်သွားပြီ၊အခုကပြန်လည်ထောင်ရေးလုပ်ဖို့ပါ၊ ပြည်လည်ထူထောင်ရေးကို သုံးပိုင်းခွဲခြားထားတယ်၊ပထမတစ်ခုက ကယ်ဆယ်ရေးပစ္စည်းနဲ့ ငွေကြေးတွေ ထောက်ပံ့တယ်၊ နေက်တစ်ခုက နောက်ဘေးသင့်သူတွေ အိမ်ရာတွေ ထောက်ပံ့ဖို့ သက်ဆိုင်ရာအစိုးရနဲ့လုပ်တယ်၊နောက်တစ်ခုမှာဆိုရင်လည်း နောက်နောင် ဒီလိုမျိုးကြုံတွေ့လာရင် ကယ်ဆယ်ရေးပစ္စည်းတွေ ဘယ်လိုမျိုး ဖြည့်ဆည်းမလဲဆိုတာကို ကျွန်မတို့က အစီစဉ်ရှိပြီးသားပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly