ထိုင်းနိုင်ငံမှာ ရိုးရာမပျက် ကျင်းပတဲ့ ကျွဲမောင်းပြိုင်ပွဲ

ထိုင်းနိုင်ငံမှာ ရိုးရာမပျက် ကျင်းပတဲ့ ကျွဲမောင်းပြိုင်ပွဲ

ဇူလိုင် ၂၁ ။              ။ ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်ဘူရီပြည်နယ်မှာတော့ နှစ်စဉ်ကျင်းပနေကျ ကျွဲမောင်းပြိုင်ပွဲကို ယခုနှစ်မှာလည်း အစဉ်အလာ မပျက် ကျင်းပခဲ့ပါတယ်။

ယင်း ပြိုင်ပွဲမှာတော့ ထိုင်းတောင်သူတွေဟာ ၎င်းတို့ရဲ့ ကျွဲတွေကို ရွှံ့ထဲနွံထဲမှာ အမြန်ဆုံး ပြေးခိုင်းရတာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ နိုင်ဖို့အတွက်ဆိုရင်တော့ ရှေ့ကပြေးတဲ့ ကျွဲတစ်ရှဉ်းအပြင် နောက်ကနေ လိုက်ရတဲ့ လူပါ အပြေးမြန်ဖို့ လိုပါတယ်။

“ အရင်တုန်းကတော့ ကျွဲတွေကို လယ်ထွန်ရာမှာ သုံးခဲ့တာပေါ့၊ ကျွန်တော်တို့ လယ်ထွန်တဲ့ အလုပ်တဲ့ ပြီးတဲ့အခါကျတော့ အပန်းဖြေတဲ့ အနေနဲ့ ဒီ ကျွဲမောင်းပြိုင်ပွဲကို ကျင်းပခဲ့ကြတာပါ၊ အဲဒီနောက်ပိုင်းကစလို့ ဒါက ရိုးရာ ပွဲတစ်ခုလို ဖြစ်နေပါပြီ” ဆိုပြီး ယင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကျွဲပိုင်ရှင်တစ်ဦးဖြစ်တဲ့ သာနင် ဆေးတီယူးက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly