အမေရိကန် အရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် အပူလှိုင်းကျရောက်မှုကြောင့် သတိပေးချက်ထုတ်

အမေရိကန် အရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် အပူလှိုင်းကျရောက်မှုကြောင့် သတိပေးချက်ထုတ်

ဇူလိုင် ၂၁ ။         ။ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းနှင့် အလယ်ပိုင်းတို့မှာ ပြင်းထန် အပူလှိုင်းတစ်ရပ် ကျရောက်နေလျက်ရှိပြီး ဇူလိုင် ၂၀ ရက်မှာတော့ ဒေသခံတွေဟာ အေးမြတဲ့ နေရာတွေဆီ ရွှွေှ့ပြောင်းခိုလှုံနေခဲ့ကြရတယ်လို့ သိရပါတယ်။

၀ါရှင်တန်မှာလည်း အပူချိန်အညွန်းကိန်းဟာ ၁၀၆ ဒီဂရီ ဖာရင်ဟိုက် (၄၁ ဒီဂရီ ဆဲလ်စိယက်စ်) ကို ရောက်ရှိနေပါတယ်။

အပူချိန် ပြင်းထန်မှုကတော့ အားလုံးသော ရာသီဥတုဖြစ်စဉ်တွေအနက် လူအသေအပျောက်အများဆုံး ဖြစ်စေနိုင်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း ရာသီဥတု ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ချီကာဂိုက စလို့ နယူးယော့ခ် အထိ အဓိက မြို့ကြီးတွေမှာလည်း မြို့ခံ ပြည်သူတွေကို စာကြည့်တိုက်တွေ၊ စျေးဝယ်စင်တာတွေ၊ ရေကန်တွေ စတဲ့ အေးမြတဲ့ နေရာတွေဆီ သွားရောက်ခိုလှုံကြဖို့ အာဏာပိုင်တွေက တိုက်တွန်းသတိပေးထားပါတယ်။

လက်ရှိမှာ အပူချိန်က စံချိန်တင် မြင့်တက်မှုတွေဖြစ်ပေါ်နေချိန် ၀ါရှင်တန် ဒီစီမှာလည်း ပြည်သူတွေဟာ အပူဒဏ် သက်သာအောင်လို့ အများပြည်သူပိုင် ရေကူးကန်တွေ၊ ရေပန်းဥယျာဉ်တွေဆီ စုပြုံရောက်ရှိ ခိုလှုံနေကြရလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly