ပီရူးမှာ မီးတောင် ပေါက်ကွဲ၍ အရေးပေါ် အခြေအနေ ကြေညာထား

ပီရူးမှာ မီးတောင် ပေါက်ကွဲ၍ အရေးပေါ် အခြေအနေ ကြေညာထား

ဇူလိုင် ၂၁ ။           ။ ပီရူးနိုင်ငံမှာ အလှုပ်ရှားဆုံး မီးတောင်ဖြစ်တဲ့ ယူဘီနက်စ် မီးတောင်ဟာ ဇူလိုင် ၂၀ ရက်က ပေါက်ကွဲခဲ့ပြီး ပြာမှုန်များ၊ ဓာတ်ငွေ့များ၊ မီးခိုးများ မှုတ်ထုတ်ခဲ့ပါတယ်။

ယင်း မီးတောင် ပေါက်ကွဲမှုကြောင့် ယခုအခါ နိုင်ငံမှာ အရေးပေါ် အခြေအနေတစ်ရပ် ကြေညာခဲ့ပြီး မီးတောင် အနီးအနား မြို့တွေက ဒေသခံတွေကိုလည်း ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ပေးခဲ့ရပါတယ်။

ယူဘီနက်စ် မီးတောင် ထိပ်ဝကနေ ပြာတွေ၊ ဓာတ်ငွေ့တွေ ထွက်လာခဲ့ရာကနေ နိုင်ငံ အရှေ့ဘက်နဲ့ အရှေ့တောင်ဘက်ခြမ်း တွေဆီ ပြန့်နှံ့ခဲ့ကြောင်း ပီရူး ဘူမိရူပဗေဒ ဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတောင်ပိုင်းက အဆိုပါ  ယူဘီနက်စ် မီးတောင် ပေါက်ကွဲခဲ့ပြီးနောက် အနီးအနားက ဒေသခံပေါင်း ၁,၃၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ယင်းအတွက်ကြောင့် အဆိုပါ ဒေသအတွက် အရေးပေါ် အခြေအနေတစ်ရပ် ကြေညာကြောင်း ပီရူးသမ္မတ မာတင် ဗစ်ဇ်ကာရာက ကြေညာသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly