မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (၀၇-၁၉-၂၀၁၉)
*****************************
အမေရိကန်သမ္မတ Donald Trump က နေရပ်ရင်း ဆိုမာလီယာနိုင်ငံကို ပြန်တာကောင်းတယ်ဆိုပြီး ထပ်တလဲလဲ ပြောတာခံနေရတဲ့ အောက်လွှတ်တော်အမတ် Ilhan Omar က သမ္မတနဲ့ ထောက်ခံသူတွေကို Twitter လူမှုကွန်ရက်ကနေ တုံ့ပြန်၊ မြန်မာနို်င်ငံက လူနည်းစု ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ မေ့ထားမှာ မဟုတ်ဘဲ၊ ဒီအတွက် တာဝန်ယူ တာဝန်ခံဖို့ မြန်မာအစိုးရကို တိုက်တွန်းတယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence ပြော၊ ဂျပန်နိုင်ငံ ကျိုတိုမြို့က ကာတွန်းရုပ်ရှင်စတူဒီယိုတခုမှာ မီးရှို့မှုအဖြစ်သံသယရှိတဲ့ မီးလောင်မှုအတွင်း သေဆုံးသူ ၃၃ ယောက် ရှိတဲ့အကြောင်း ဂျပန်အစိုးရ အရာရှိတွေက ပြော စသည့်သတင်းတွေကိုဆက်လက်ကြည့်ရှုရမှာပါ။