တက္ကသိုလ်နယ်မြေအတွင်း လုံခြုံရေးတင်းကြပ်ပေးဖို့ ထိရောက်တဲ့နည်းလမ်းကို ကျောင်းတာဝန်ရှိသူတွေက မပေးနိုင်ခဲ့ဟုဆို

16 July 2019
တက္ကသိုလ်နယ်မြေအတွင်း လုံခြုံရေးတင်းကြပ်ပေးဖို့ ထိရောက်တဲ့နည်းလမ်းကို ကျောင်းတာဝန်ရှိသူတွေက မပေးနိုင်ခဲ့ဟုဆို

“တောင်းဆိုထားတဲ့အချက်က နံပတ်တစ်အချက်က Sexual Harassment ကိစ္စကြတော့ သူတို့က ရဲကင်းတွေ၊ ဘာတွေ လှည့်ပေးမယ်ပေါ့။ ကျွန်တော်က ရှင်းပြတယ်။ အဆင်မပြေဘူး။ ဒါက ကြိုတင်ကာကွယ်ရမယ့် ကိစ္စ ဖြစ်တယ်။ ကားအဝင်၊ အထွက် စီစစ်လိုက်ရင်ကို တစ်ဝက်ကျော်ကျော်လောက် လျော့သွားနိုင်တယ်။ တစ်ခြား ကိစ္စက ၂ ခု၊ ၃ ခုလောက်ပဲ ရှိတယ်။ ဒီလိုလုပ်လိုက်ရင် လျော့သွားပြီ။ အဲဒီကြမှ ရဲကင်း လှည့်ရမှာ။ တကယ်တော့ တက္ကသိုလ်နယ်မြေနဲ့မဆိုင်တဲ့ကားတွေ ဝင်လာတာ အဓိကပြသနာပေါ့။ အဲ့ဒါလုပ်ပေးဖို့ မပြတ်သေးဘူး။ သူတို့ဘက်က သူတို့ဘက်က ဆွေးနွေးနိုင်တဲ့သူ မရှိတာပါ။ နောက်တစ်ချိန် ထပ်ဆွေးနွေးရမှာပေါ့ ” ~~ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနောင်ထက်အောင်

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58833

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly