သူလေးငယ်တစ်ဦးအပေါ် အခြားကလေးငယ်တစ်ဦးက စူးစမ်းလိုစိတ်နဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ အဓမ္မမှုမဖြစ်ပွားရအောင် ကလေးငယ်တွေကိုလည်း လိင်အသိပညာပေး Sex Education ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
“ဒါက မိဘရဲ့ ဆုံးမမှုကလည်း အရမ်းအရေးပါတယ်။ ဒီမိဘက ဒီကလေးအတွက် ဘယ်လောက်တောင် စံပြဖြစ်လဲ။ အဲ့တာ အရေးကြီးတယ်။ သားယောက်ျားလေးမွေးတဲ့ မိဘတွေဆိုရင်လည်း သူတို့သည် ငယ်ငယ်လေးတည်းက Sex Education ကို သင်ပေးထားရမယ်။ အမျိုးသမီးတွေကို ဘယ်လိုလေးစားရမလဲ။ ဘယ်လို Respect ထားရမလဲ။ ဒီလိုမျိုးအချက်တွေက မိဘတွေ ကလေးကို ပြုစုပျိုးထောင်တဲ့အခါ အရမ်းအရေးပါတယ်ပေါ့နော်” လို့ စိတ်ပိုင်းဆိုင်ရာအကြံပေးသူတစ်ဦးဖြစ်တဲ့ မယမုံဖူးက ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်