နေပြည်တော်က ၉တန်းကျောင်းသူကို အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းသူကို ဖမ်းမမိသေး

09 July 2019
နေပြည်တော်က ၉တန်းကျောင်းသူကို အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းသူကို ဖမ်းမမိသေး

အသက် ၁၆နှစ်မပြည့်သေးတဲ့ အမျိုးသမီးငယ်တစ်ဦးကို အသက် ၃ဝအရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းတဲ့ ဖြစ်စဉ်တစ်ခု နေပြည်တော်၊ သပြေကုန်းရပ်ကွက်မှာ ဇူလိုင်လ ၃ရက်နေ့၊ ည ၉နာရီအချိန်က ဖြစ်ပွားခဲ့ပါတယ်။ မိဘတွေမရှိတုန်း နေအိမ်မှာ စာကျက်နေတဲ့ ၉တန်းကျောင်းသူ အမျိုးသမီးငယ်ကို ဘေးအိမ်ကပ်ရပ်မှာ အိမ်ငှားနဲ့နေထိုင်သူက အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဓမ္မပြုကျင့်ဖို့ ကြိုးစားသူကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

ရိုက်ကူး/တင်ဆက် မင်းမင်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly