ဟောင်ကောင်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေ စုရုံးချီတက်ပြီး အစိုးရကို ဆက်လက်ဖိအားပေး

ဟောင်ကောင်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေ စုရုံးချီတက်ပြီး အစိုးရကို ဆက်လက်ဖိအားပေး

ဇူလိုင် ၇ ။           ။ ဟောင်ကောင်အစိုးရကို ဆန့်ကျင်တဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေဟာ ဇူလိုင်လ ၇ ရက်က မြို့တွင်း စုရုံးချီတက်ခဲ့ကြပြီး ပေကျင်းအစိုးရ လိုလားတဲ့ ဟောင်ကောင်ခေါင်းဆောင်တွေအပေါ် ဆက်လက်ဖိအားပေးဖို့ ကြိုးစားခဲ့ကြပါတယ်။

ယခုတစ်ကြိမ်မှာတော့ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေဟာ ဟောင်ကောင်ဒေသနဲ့ တရုတ်ပြည်မကြီးကို ချိတ်ဆက်ထားတဲ့ အငြင်းပွားဖွယ် ရထားဘူတာရုံတစ်ခုကို ဦးတည်ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က မျက်နှာဖုံးစွပ်လူငယ်ဆန္ဒပြသူတွေ ဦးဆောင်ပြီး ဟောင်ကောင် ပါလီမန်အဆောက်အအုံကို စီးနင်းဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း ယခုတစ်ကြိမ် ဆန္ဒပြမှုဟာ အကြီးမားဆုံးသော စီတန်းဆန္ဒပြမှုတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ယခု တစ်ကြိမ် မီးရထားဘူတာရုံရှေ့မှာ လာရောက်စုရုံးခဲ့ကြတဲ့ ဆန္ဒပြလူအုပ်ကြီးကတော့ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး မူကြမ်းကို ဆက်လက် ကန့်ကွက်ကြောင်း ထုတ်ဖော်ဆန္ဒပြခဲ့ကြပါတယ်။

လက်ရှိ ဟောင်ကောင်မှာတော့ အဆိုပါ အငြင်းပွားဖွယ် ရာဇဝတ်သားလွှဲပေးရေး ဥပဒေကြမ်းအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီးနောက် အကျပ်အတည်းတစ်ခုအောက် ကျရောက်နေလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags