ထရိန်နင် ၅ နှစ် ဆင်းပြီးနောက် ဥရောပရဲ့ အသန်မာဆုံးအမျိုးသမီး ဖြစ်လာသူ

ထရိန်နင် ၅ နှစ် ဆင်းပြီးနောက် ဥရောပရဲ့ အသန်မာဆုံးအမျိုးသမီး ဖြစ်လာသူ

ဇူလိုင် ၇ ။                  ။ ဂျယ်လီနာ မာရင်ကို အမည်ရ ဆာဘီးယားနိုင်ငံသူ အမျိုးသမီးတစ်ဦးကတော့ ယခုအခါ ဥရောပဒေသမှာ အားအသန်ဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံထားရလျက် ရှိပါတယ်။

အသက် ၃၅ နှစ်ရှိ မာရင်ကိုကတော့ လွန်ခဲ့တဲ့ ငါးနှစ်ကမှ gym နဲ့ ပထမဆုံး ထိတွေ့လေ့ကျင့်ခဲ့တာဖြစ်ပေမယ့် ခုချိန်မှာ လူသန်အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။

အလေးမ ပြိုင်ပွဲတွေမှာ အမြင့်ဆုံး ရမှတ်တွေ ရရှိထားခဲ့တာကြောင့်လည်း မာရင်ကို ကို ဥရောပရဲ့ အားအသန်ဆုံး အမျိုးသမီးအဖြစ် ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။

“ ကျွန်မ ဇာတ်လမ်းက လွန်ခဲ့တဲ့ ငါးနှစ်ကမှ စခဲ့တာပါ၊ အဲဒီအချိန်က ကျွန်မ အမျိုးသားက ကျွန်မကို gym စသွားဖို့ တိုက်တွန်းခဲ့ပါတယ်၊ အဲဒီလိုနဲ့ စခဲ့တာပါ” လို့ ဆာဘီးယားသူ မာရင်ကိုက ပြောပါတယ်။

“ တကယ်တော့ ကျွန်မ အရင်တုန်းကတော့ ဒီလို လေ့ကျင့်မှုတွေ၊ အားကစားတွေကို မလုပ်ချင်ခဲ့ပါဘူး၊ ဒီမတိုင်ခင်ကလည်း ဘာအားကစားမှ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အသက် ၃၀ လောက်ကျမှ ခုလို လုပ်ဖြစ်သွားတာပါ၊ နောက်တစ်ခုက ကျွန်မက အမျိုးသမီးတွေ မ နေကျဖြစ်တဲ့ ပေါ့တဲ့ ၀ိတ်တုံးတွေထက် ပိုလေးတဲ့ ၀ိတ်တုံးတွေကို မ ချင်ခဲ့ပါတယ်၊ gym က လူတွေကလည်း ကျွန်မ မ နိုင်တယ်လို့ အားပေးကြတာလေ၊ ဒီလိုနဲ့ ပြိုင်ပွဲအတွက် ကြိုးစားလေ့ကျင့်တဲ့အထိ ဖြစ်လာတာပါ” လို့ သူမက ထပ်လောင်းပြောသွားပါတယ်။

ယခုအချိန်မှာ ဇနီးဖြစ်သူ မာရင်ကိုတစ်ယောက် အလေးမပြိုင်ပွဲတွေမှာ အနိုင်ရပြီး ခုလို လူသန်ကြီးအခြေအနေရောက်နေတဲ့အတွက် ဂုဏ်ယူကြောင်း ခင်ပွန်းဖြစ်တဲ့ ဒါကို မာရင်ကိုကလည်း ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly