ဗုဒ္ဓဘာသာဘုန်းကြီးတွေအတွက် ပလတ်စတစ်ဘူးတွေက ထုတ်လုပ်တဲ့ သင်္ကန်း

ဗုဒ္ဓဘာသာဘုန်းကြီးတွေအတွက် ပလတ်စတစ်ဘူးတွေက ထုတ်လုပ်တဲ့ သင်္ကန်း

ဘန်ကောက်၊ ဇူလိုင် ၆ ။        ။ ဘန်ကောက်၊ ဘန်ကာချောင်ကျွန်းပေါ်က ဝတ်ဂျက်ဒရန်းဘုန်းကြီးကျောင်းက ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဟာ ပလတ်စတစ်ဘူးတွေနဲ့ အခြားရီဆိုင်ကယ်ပစ္စည်းတွေကနေ ပြုလုပ်ထားတဲ့ သင်္ကန်းတွေကို ဆင်မြန်းနေကြပါတယ်။

“နဂိုသင်္ကန်းတွေနဲ့ ဘာမှ မကွာခြားပါဘူး။ ကိုယ်တော်လည်း ရီဆိုင်ကယ်ပလတ်စတစ်သင်္ကန်း ဝတ်ရုံထားတာပါ။ နဂိုသင်္ကန်းတွေနဲ့ ဘာမှ ကွာခြားမှု မရှိပါ။”လို့ အဆိုပါ ဘုန်းကြီးကျောင်းက ဘုုန်းကြီးတစ်ပါးဖြစ်တဲ့ သီပါခွန်က မိန့်ပါတယ်။

ကုမ္ပဏီကြီးတွေနဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ထိုင်းတော်ဝင်နန်းတော်ရဲ့ အားပေးအားမြှောက်ပြုမှုနဲ့ အလွှာစုံပါဝင်တဲ့ အသင်းအဖွဲ့တစ်ရပ်ဟာ ခုနှစ်မှာပဲ ဘုန်းကြီးတွေအတွက် ပလတ်စတစ်နဲ့ ရီဆိုင်ကယ်ပစ္စည်းတွေကနေ သင်္ကန်းတွေကို ထုတ်လုပ်လာတာ ဖြစ်ပါတယ်။

သိပ္ပံမဂ္ဂဇင်းရဲ့ ၂၀၁၅ စစ်တမ်းအရ ပင်လယ်သမုဒ္ဒရာထဲ ပလတ်စတစ်စွန့်ပစ်မှုမှာ ထိုင်းနိုင်ငံဟာ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ သီရိလင်္ကာပြီးရင် ခြောက်နိုင်ငံမြောက် အများဆုံး စွန့်ပစ်တဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။

ပါမောက္ခ ဂျင်နာအာဂျမ်ဘတ်ဦးဆောင်ပြီး ပြုလုပ်တဲ့ ဒီသုတေသနစစ်တမ်းမှာ ထိုင်းနိုင်ငံဟာ နှစ်စဉ် ပင်လယ်ထဲ ပလတ််စတစ်တန်ချိန် ဘီလီယံပေါင်း တစ်သိန်းခွဲကနေ နှစ်သိန်းကြား စွန့်ပစ်နေတယ်လို့ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly