ဗစ်တိုးရီးယားအတွက် အင်းစိန် CID ရုံးရှေ့သို့ ချီတက်ဆန္ဒပြမည်

ဗစ်တိုးရီးယားအတွက် အင်းစိန် CID ရုံးရှေ့သို့ ချီတက်ဆန္ဒပြမည်

ဇူလိုင် ၃ ။      ။ ဗစ်တိုးရီယားအတွက် တရားမျှတမှုပေါ်ပေါက်ရေးကို ရည်ရွယ်ကာ လာမည့် ဇူလိုင် ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အင်းစိန် CID ရုံးရှေ့သို့ ချီတက်ဆန္ဒပြရန် စီစဉ်နေပြီး ခွင့်ပြုမိန့်ရရန် ကြိုးပမ်းနေသည်ဟု ဆန္ဒပြရန် စီစဉ်နေသူများထံမှ သိရသည်။

သာမန်ပြည်သူများအနေဖြင့်  လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုကို မြှင့်တင်ပြီး ကလေးမိဘများအနေဖြင့် နောက်ထပ် ဗစ်တိုးရီးယားလို ကလေးများ ထပ်မံမပေါ်ပေါက်လာစေရန် အဓိက ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရရှိရေး၊ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊
နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး၊ ကျွန်တော်တို့မျိုးဆက်အတွက် လွတ်လပ် လုံခြုံစိတ်ချရတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်ရေး” စသည့် ရည်ရွယ်ချက်များဖြင့် လာမည့် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီတွင် အင်းစိန်၊ မင်းဓမ္မကုန်းရှိ ကျောက်တော်ကြီးဘုရားစုပ်ရပ်မှ စတင်ထွက်ခွာပြီး အင်းစိန် CID ရုံးရှေ့သို့ ချီတက်ဆန္ဒပြမည်ဟု သိရသည်။

ကိုအောင်ထိုက်မင်း၊ ကိုကြည်မင်းဟန်၊ ကိုစောချစ်သက်ထွန်းတို့က ဦးဆောင်ပြီး ဆန္ဒပြမည့်သူများအနေဖြင့် မည်သည့်အသင်းအဖွဲ့၊ နိုင်ငံရေးပါတီကိုမျှ ကိုယ်စားပြုခြင်းမရှိကြောင်း ကြေညာထားကာ အကျႌအဖြူရောင် ဝတ်ဆင်လာရန် ကြေညာထားသည်။

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုတွင် အမှုကြန့်ကြာနေခြင်းနှင့်ပတ်သက်ပြီး လူအများအပြားက လူမှုကွန်ရက်တွင် လှုံ့ဆော်ခဲ့ကြပြီးနောက် ယခု ဆန္ဒပြရန် စီစဉ်နေကြခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly