မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ

02 July 2019
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ

ဟောင်ကောင်ကို ဗြိတိသျှအုပ်ချုပ်မှုကနေ တရုတ်ဆီပြန်လွှဲခဲ့တဲ့ ၂၂ နှစ်ပြည့်တဲ့နေ့မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်၊ ခါးပတ်တကွင်း လမ်းတစင်း (Belt and Road Initiative - BRI) အကြောင်း အမေရိကန် သုတေသန အစီရင်ခံစာထုတ်၊ အီရန်ဟာ နျူကလီးယား လက်နက်ထုတ်လုပ်မှုတွေကို ကန့်သတ်ထားတဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်ထဲမှာ ပါတဲ့ သန့်စင် ယူရေနီယံ ပမာဏ သတ်မှတ်ချက်ထက် ကျော်ထုတ် စသဖြင့်

Trump နဲ့ Kim တွေ့ဆုံမှု တောင်ကိုရီးယားအများစု အကောင်းမြင်
***************************

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း တို့ အခုနောက်ဆုံး တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ၀ါရှင်တန်ဒီစီ မြို့တော်မှာတော့ ဝေဖန်ပြောဆိုသံတွေ အမျိုးမျိုး ထွက်ပေါ်လာနေပါတယ်။ ဒီတွေ့ဆုံမှုဟာ အပြသက်သက်ထက် မပိုလှဘူးလို့ ဝေဖန်တာရှိသလို၊ ခုလိုတွေ့ဆုံလိုက်တာက ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တယောက်ကို တရားဝင် အသိအမှတ်ပြုပေးရာ ရောက်တယ်လို့ ပြောကြသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီထိပ်သီး တွေ့ဆုံပွဲကျင်းပခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံက ပြည်သူတွေအများစု ကတော့ အကောင်းမြင်ကြတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Bill Gallo တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကနေ သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင် က ပြောပြပေးပါမယ်။

 အမေရိကန်နဲ့ ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချရေး
**********************

ကမ္ဘာကြီးပူနွေးမှုကို ဖန်တီးတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချဖို့အတွက် သမ္မတအိုဘားမားလက်ထက်က ချမှတ်ထားတဲ့ စည်းမျဉ်းကို ရုတ်သိမ်းပြီး စည်းမျဉ်းသစ်တခုကို ချမှတ်လိုက်တယ်လို့ အမေရိကန်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီက အခုတပတ်မှာ ကြေငြာလိုက်ပါတယ်။ ဒီစည်းမျဉ်းသစ်က ပိုပြီးသန့်စင်တဲ့လေထု နဲ့ စျေးသက်သာတဲ့ စွမ်းအင်ကို ပေးနိုင်မှာဖြစ်တယ်လို့ သမ္မတထရမ့်အစိုးရက ပြောပါတယ်။ ဒါပေမဲ့ ဝေဖန်သူတွေကတော့ အမေရိကန်နိုင်ငံအနေနဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ လျှော့ချမှုကို တချို့ပြည်နယ်တွေမှာလုပ်နေသလိုမျိုး ပိုပြီးလုပ်ဆောင် သွားဖို့လိုတယ်လို့ ပြောလိုက်ပါတယ်။ Kevin Enoch ရဲ့ သတင်းလွှာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

Pop Culture အစီအစဉ်
******************

ကျော်ကြားသူတွေနဲ့ နိုင်ငံတကာမှာ လူပြောများနေတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတချို့ကို မစုမြတ်မွန်က စုစည်း တင်ဆက်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly