စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ကွယ်လွန်

02 July 2019
စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ကွယ်လွန်

စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) သည် ယနေ့ ဇူလိုင် ၁ ရက်နေ့  နံနက် ၇ နာရီတွင် ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

“ရောဂါ ဖြစ်နေတာကြာပြီ။ စာမရေးနိုင်တာလည်း ကြာပြီ။ ဒီလိုဖြစ်သွားလိမ့်မယ်လို့ သိပ်မထင်ဘူး။ သူ လမ်းမလျှောက်နိုင်တာ ကြာပြီ။ လမ်းမလျှောက်နိုင်တဲ့အတွက် သူ အိပ်ယာထဲ လဲနေတာကြာပြီ။ သူ့ကိုယ်သူ ကျန်းမာအောင်တော့ ဂရုစိုက်နေတယ်။ အဲဒီကြားထဲကနေပြီးတော့ အခုရက်မှာ နည်းနည်း နေမကောင်းဖြစ်တာနဲ့ ဆရာဝန်သွားပြမယ်ဆိုပြီး မနေ့က သွားပြဖြစ်တယ်။ ဒီမနက်မှာ မမျှော်လင့်ဘဲ ဆုံးသွားတာပါ။ အေးအေးဆေးဆေးနဲ့ပဲ သူ့ဘဝကိုသူ နောက်ဆုတ်ပြီး အရှုံးပေးသွားတာပါ” ဟု ကလျာ(ဝိဇ္ဇာ၊သိပ္ပံ) ၏ ခင်ပွန်းဖြစ်သူ ကာတွန်းဆရာဦးစိန်ကြီးက မဇ္ဈိမသို့ ပြောသည်။

ရိုက်ကူး /တည်းဖြတ် - ကရိုင်နူးရာ၊ ဇေယျာမော်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58433
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly