ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရန် မန္တလေးတွင် လက်ကမ်းစာစောင်များ ဝေငှ

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရန် မန္တလေးတွင် လက်ကမ်းစာစောင်များ ဝေငှ

မန္တလေး(ဇူလိုင် ၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရန် လက်ကမ်းစာစောင်များကို မန္တလေးမြို့ရှိ မန္တလေးတက္ကသိုလ်အနီးတွင် ယနေ့နံနက်ပိုင်းက လိုက်လံဝေငှမှုများ ပြုလုပ်ခဲ့ကြသည်။

 အဆိုပါ ကမ်ပိန်းကို မြစ်ဆုံဆည် အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်မှ ဦးဆောင်ကာ လိုက်လံ ဝေငှခဲ့ကြခြင်း ဖြစ်ပြီး နောက်ဆက်တွဲအဖြစ် မန္တလေးမြို့ လူစည်ကားရာ နေရာများအပြင် မြန်မာနိုင်ငံတဝှမ်းရှိ မြို့ကြီးများတွင်လည်း ပြုလုပ်သွားမည်ဟု ဆိုသည်။

 “မြစ်ဆုံဆည်သည် တိုင်းပြည်အတွက် အလွန်အင်မတန် အန္တရာယ်ကြီးတဲ့ စီမံကိန်းဆိုတာ ပြည်သူတွေ သိအောင်လို့ မျှဝေပေးတဲ့ ပညာပေးစာစောင် ဖြစ်တဲ့အကြောင်း အတိုချုပ် ရေးထားတယ်။ မြစ်ဆုံဆည်ဟာ ဘယ်လိုမှ ရှေ့ဆက်လုပ်ဖို့ မသင့် တော်ဘူး။ ဘယ်နည်းနဲ့မျှပြုပြင်ပြောင်းလဲပြီး လက်ခံဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ကမ်ပိန်းကို မြစ်ဆုံဆည် အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်စိုးမြင့်က ပြောသည်။

 ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီိးတိုင်ဖျက်သိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေမှုကို မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် တစ်ရက်တည်းပြိုင်တူပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ရန်ကုန်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ပြုလုပ်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

မန္တလေးတွင်ပြုလုက်သော လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်အပြင် စိမ်းရောင်စိုအဖွဲ့၊ မန္တလေးချစ်သူများအဖွဲ့နှင့် အခြားNGOအဖွဲ့ဝင်များ ပါဝင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly