မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ

01 July 2019
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ

ဒီကနေ့ တနင်္လာနေ့ အစီအစဉ်မှာတော့ - ဗဟုသုတ၊ ပညာပေးနဲ့ ရသစုံလင်သတင်းတွေ တင်ဆက်ပေးမှာပါ။ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်၊ သတင်းထဲက အင်္ဂလိပ်စာ နဲ့ နော်သဇင် ရဲ့ Vlog အစီအစဉ်တွေကို လည်းတင်ဆက်ပေးပါမယ်။

ဟောလိဝုဒ်က Warner Bros. ရုပ်ရှင်စတူဒီယို
*****************
အမေရိကန် ပြည်ထောင်စု Los Angeles မြို့က Hollywood အရပ်မှာ Warner Bros. ရုပ်ရှင် Studio ကြီးရှိပါတယ်။ အဲဒီမှာ Stage 48 ဆိုတာရှိပြီး ရုပ်ရှင်တစ်ကားအတွက် မင်းသား၊ မင်းသမီးဘယ်လို ရွေးသလဲ၊ ရိုက်ညွှန်းတွေကို ဘယ်လို ခွဲသလဲကနေ ရုပ်ရှင်ရိုက်ပြီးသွားရင်လဲ Computer Effect တွေ ဘယ်လို ထည့်သလဲဆိုတာမျိုးတွေကို လာကြည့်သူတွေ နားလည်နိုင်အောင် ရှင်းပြထားပါတယ်။ ဒီလို Hollywood ရုပ်ရှင်တွေရဲ့ လျှို့ဝှက်ချက်တွေကိုတော့ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်ကနေ သွားကြည့်ကြရအောင်ပါရှင်။

သတင်းထဲက အင်္ဂလိပ်စာ
*****************
အခုဆက်ပြီး သတင်းထဲက အင်္ဂလိပ်စာ အစီအစဉ်ကို တင်ဆက်ပေးပါမယ်။ ဒီတပတ်မှာတော့ Tariff နဲ့ပတ်သက်တဲ့ အသုံးအနှုန်းတချို့ကို မမြသဇင်အောင် နဲ့ ကိုရဲမင်းထွန်းတို့က ပြောပြပေးပါလိမ့်မယ်။
ကြာအင်းတောင် တက်ကြရအောင်
****************
နော်သဇင်ရဲ့ Vlog အစီအစဉ်ကို တင်ဆက်ပေးပါမယ်။ ခရီးလည်းထွက်ရ၊ ကျန်းမာရေး လေ့ကျင့်ခန်းလည်း ရအောင် ကြာအင်းတောင် တက်တဲ့ အတွေ့အကြုံကို နော်သဇင်က သူ့ရဲ့ Vlog အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly