မြေယာများကို မြန်မြန်ဆန်ဆန် ပြန်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

29 June 2019
မြေယာများကို မြန်မြန်ဆန်ဆန် ပြန်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြေယာများပြန်ပေးရန် ကြန့်ကြာနေသူများအား မြန်မြန်ဆန်ဆန်ပြန်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဓနုဖြူမြို့နယ်ရှိ တောင်သူများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

“မြေယာများပြန်ပေးရမယ့် ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက နှောင့်နှေးတယ်လို့ ကြားရပါတယ်။ နှောင့်နှေးနေတဲ့ နှောင့်နှေးချင်တဲ့ပုဂ္ဂိုလ်များကို မနှောင့်နှေးဖို့ တိုက်တွန်းပါရစေ။ ကိုယ်မပိုင်ဆိုင်တဲ့ ကိစ္စကို ဘယ်လိုဖက်တွယ်နေမှာလဲ။ မြန်မြန်ဆန်ဆန်ပြန်ပေးလိုက်တော့ အားလုံးအတွက်လည်း ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံအတွက်လည်း ကောင်းပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဓနုဖြူမြို့နယ်တွင် တောင်သူလယ်သမား များနှင့် ဇွန်လ၂၈ရက်နေ့က တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး တောင်သူများက ဒေသအတွင်းလိုအပ်ချက်အခက် အခဲများကို တင်ပြမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly