သတင်းသမားများဖမ်းဆီးထောင်ချခံရမှုများကိုဖြေရှင်းပေးရန် PC တွင် တာဝန်ရှိဟုဆို

28 June 2019
သတင်းသမားများဖမ်းဆီးထောင်ချခံရမှုများကိုဖြေရှင်းပေးရန် PC တွင် တာဝန်ရှိဟုဆို

သတင်းရယူရေးသားခဲ့သည့် သတင်းသမားများအား မကျေနပ်ပါက ပုဒ်မအကြီးများတပ်ကာ ဖမ်းဆီး ထောင်ချမှုများကို ဖြေရှင်းပေးရန် မိမိတို့ မီဒီယာကောင်စီ (PC) တွင်တာဝန်ရှိသည်ဟု PC ဥက္ကဋ္ဌ ဦးအုန်းကြိုင် ကပြောဆိုလိုက်သည်။

“ ပြောင်းလဲသွားတဲ့အပြောင်းအလဲဟာ အကြမ်းဖက်မှုဆိုတာ တော်တော်လျော့သွားတယ်။ ဘာဖြစ်လာလဲဆိုတော့ သတင်းထောက်တွေသတင်းရေးသားမှုနဲ့ ပတ်သက်လို့ မကျေနပ်ရင် ပုဒ်မ အကြီးကြီးတွေ ဥပဒေဟောင်းတွေနဲ့ဖမ်းဆီးတာ။ ဒါဟာအကြမ်းဖက်မှုထက်ပိုပြီး ခံပြင်းစရာ ကောင်း တယ်။ ကျွန်တော်တို့ကြုံတွေ့ရတဲ့အခက်အခဲတွေပါ။ ဒါတွေလည်းပဲ ဆက်လက်ပြီးဖြေရှင်းဖို့ မီဒီယာ ကောင်စီရဲ့တာဝန်ရှိပါတယ်” ဟု ၎င်းကဆိုသည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58336

ရိုက်ကူး / တည်းဖြတ် - စိုးသူအောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly