ကုန်သွယ်ရေးနဲ့ နိုင်ငံတကာအငြင်းပွားမှုတွေက ဂျီ ၂၀ ရဲ့ ညီညွတ်မှုကို စမ်းသပ်လာ

ကုန်သွယ်ရေးနဲ့ နိုင်ငံတကာအငြင်းပွားမှုတွေက ဂျီ ၂၀ ရဲ့ ညီညွတ်မှုကို စမ်းသပ်လာ

အိုဆာကာ၊ ဇွန် ၂၇ ။          ။ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ဂျီ ၂၀ နိုင်ငံတွေက အကြီးအကဲ ခေါင်းဆောင်တွေဟာ လာမယ့် သောကြာနေ့နဲ့ စနေနေ့တွေမှာ စည်းဝေးတွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေကြား စိတ်ဝမ်းကွဲမှုနဲ့ ပွတ်တိုက်မှုတွေ ရှိနေတာကြောင့် အကျပ်အတည်းကြုံနေတဲ့ ရာသီဥတု ထိန်းသိမ်းကာကွယ်ရေးနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းကြရဖို့ ရှိပါတယ်။

အခု နှစ်ပတ်လည် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးဟာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးစစ်ကြောင့် နိုင်ငံစုံပါဝင်မှု ကုန်သွယ်ရေး ပေါ်လစီ ယိုင်နဲ့နေတဲ့ အချိန်အခါမှာ ကျင်းပလာတဲ့ အစည်းအဝေး ဖြစ်ပါတယ်။

ဒါအပြင် ပါရှားပင်လယ်ကွေ့မှာ တင်းမာမှုတွေ အရှိန်မြင့်တက်နေချိန်လည်း ဖြစ်ပြီး အလှည့်ကျ သဘာပတိမူရတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုင်အာဘေးကတော့ အဲဒီ အခက်အခဲ အကျပ်အတည်း စိန်ခေါ်မှုတွေမှာ ဘုံသဘောတူညီချက် ရရေးအတွက် ရည်ရွယ်ထားတဲ့ အစည်းအဝေးပဲဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကမ္ဘာကြီးဟာ အပြောင်းအလဲတွေ ဖြစ်ပေါ်ပြီး ပဋိပက္ခတွေ များစွာလည်း ထွက်ပေါ်လာခဲ့ကြောင်း၊ ဒါပေမယ့် အဲဒီ ကမ္ဘာ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ညီညွတ်မှုအားမာန် လိုအပ်ကြောင်းကို ဂျီ ၂၀ အနေနဲ့ သတင်းစကား ပါးလိုကြောင်း ရှင်ဇိုအာဘေးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly