အီရန် ထောက်လှမ်းရေးအဖွဲ့ရဲ့ ကွန်ပျူတာစနစ်ကို အမေရိကန်က ဆိုင်ဘာတိုက်ခိုက်

အီရန် ထောက်လှမ်းရေးအဖွဲ့ရဲ့ ကွန်ပျူတာစနစ်ကို အမေရိကန်က ဆိုင်ဘာတိုက်ခိုက်

၀ါရှင်တန်၊ ဇွန် ၂၄ ။               ။ အီရန်ကို တိုက်ခိုက်ဖို့ စစ်ပြင်တာကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရုပ်သိမ်းလိုက်တဲ့ တစ်နေ့တည်းမှာပဲ အမေရိကန်ဟာ အီရန် ထောက်လှမ်းရေးအဖွဲ့ရဲ့ ကွန်ပျူတာစနစ်ကို ဆိုင်ဘာတိုက်ခိုက်မှု ဆင်နွှဲခဲ့ကြောင်း သိရပါတယ်။

သမ္မတ ထရမ့် ကြာသပတေးနေ့က အတည်ပြုတဲ့ အခု ဆိုင််ဘာတိုက်ခိုက်မှာ အီရန်ရဲ့ ဒုံးကျည််နဲ့ ဒုံးပစ်စင်တွေကို ထိန်းချုပ်တဲ့ ကွန်ပျူတာစနစ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ယင်းအရေးကိစ္စနဲ့ နီးစပ်တဲ့ အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီ တိုက်ခိုက်မှုကို အမေရိကန် ဆိုင်ဘာကွပ်ကဲရေးဟာ အမေရိကန် ဗဟိုကွပ်ကဲရေးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ဘာတိုက်ခိုက်မှုရဲ့ အသေးစိတ်အချက်အလက်တွေကို အဆိုပါ တာဝန်ရှိသူက မပြောပေမယ့် ဒီ တိုက်ခိုက်မှုဟာ အသက်သေဆုံးမှု မရှိတဲ့ တိုက်ခိုက်မှုအဖြစ် ရွေးချယ်တိုက်ခိုက်တာဖြစ်ပြီး အရမ်းကို ထိရောက်မှု ရှိတဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန် စစ်ကင်းထောက်ဒရုန်းယာဉ်ကို အီရန်က ပိုင်နက်ကျူးကျော်တယ်ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ််က ပစ်ချခဲ့ပါတယ်။ အမေရိကန်က ပိုင်နက်ကျူးလွန်မှု မရှိဘူးဆိုပြီး အီရန်ကို စစ်ပြင်ခဲ့ပေမယ့် သမ္မတ ထရမ့်ဟာ နောက်ဆုံးမိနစ်အလိုမှာ အီရန်ကို တိုက်ခိုက်မယ့်် ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly