အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ် ခင်းနေချိန် ကုန်သွယ်ရေးအကာအကွယ်ပြုမှု မူဝါဒကို အာဆီယံ ကန့်ကွက်

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ် ခင်းနေချိန် ကုန်သွယ်ရေးအကာအကွယ်ပြုမှု မူဝါဒကို အာဆီယံ ကန့်ကွက်

ဘန်ကောက်၊ ဇွန် ၂၄ ။            ။ ဘန်ကောက်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ မူဝါဒတွေနဲ့ အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေးစစ်ပွဲအတွင်း ဘေးကင်းလုံခြုံရေးကိစ္စရပ်များအပေါ် ဆွေးနွေးပြီး ဇွန် ၂၃ ရက်မှာ အစည်းအဝေးကို အဆုံးသတ်နိုင်ခဲ့ကြပါတယ်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတွေက ကိုယ်စားပြုသူတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို အဆုံးသတ်လိုက်ကြတာ ဖြစ်ပါတယ်။

“ကုန်သွယ်ရေးအကာအကွယ်ပြုမှုနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်တဲ့ ပေါ်လစီတွေရဲ့ ရိုက်ခတ်လာမယ့် ဒဏ်ကို ကျွန်တော်တို့ စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။ အဲဒီ မူဝါဒ သဘောတရားဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ အပြန်အလှန် ကုန်သွယ်မှုတွေကို ဖိစီးခြိမ်းခြောက်နေတာပဲ ဖြစ်ပါတယ်။”လို့ ပူးတွဲထုတ်ပြန်ချက်မှာ အာဆီယံအဖွဲ့ကြီးက ကြေညာပါတယ်။

အခု ထိပ်သီးအစည်းအဝေးကြီးကို သဘာပတိမူတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချိန်အိုချာက ဒေသတွင်း ပေါင်းစည်းစီးပွားရေး မိတ်ဖက်ပြုမှု RCEP ကို အခုနှစ် မကုန်ခင် အကောင်အထည် ဖော်ဖို့ အားချင်း လိုအပ်နေပြီဖြစ်ကြောင်း  တိုက်တွန်း ဆော်သြပါတယ်။

RCEP ဟာ ကမ္ဘာ့ပေါ်မှာ အကြီးဆုံး စီးပွားရေးမိတ်ဖက်ပြုမှုကို ဖော်ဆောင်မည့် ထိုင်းနဲ့  အခြား မိတ်ဖက်ခြောက်နိုင်ငံကြား အကြီးစား လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီမှုကို လုပ်ဆောင်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

“အခု ထိပ်သီးအစည်းအဝေးဟာ ဒေသတွင်း စီးပွားရေး ခိုင်မာအားကောင်းရေး အရေးကြီးတာကို မီးမောင်းထိုးပြနေပါတယ်။”လို့ ဝန်ကြီးချုပ် ချန်အိုချာက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly