ကမ္ဘာ့ ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲ ကျင်းပ

ကမ္ဘာ့ ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲ ကျင်းပ

ဇွန် ၂၃ ။           ။ နှစ်စဉ်ကျင်းပနေကျ ကမ္ဘာ့ ရုပ်အဆိုးဆုံးသော ခွေးပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မှာ ဇွန်လ ၂၂ ရက်က ကျင်းပခဲ့ပါတယ်။

ဒီ ကမ္ဘာ့ ခွေးရုပ်ဆိုးများ ပြိုင်ပွဲမှာတော့ အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းက ခွေးတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒီ ပြိုင်ပွဲမှာ စုစုပေါင်း ခွေးကောင်ရေ ၁၇ ကောင်အထိ ကော်ဇောနီပေါ် လျှောက်ခဲ့ကြပြီး ယင်းတို့ရဲ့ ထူးခြားတဲ့ ပုံပန်းသွင်ပြင်တွေကို အကဲဖြတ်ဒိုင်လူကြီးတွေရှေ့မှောက်မှာ ထုတ်ပြခဲ့ကြပါတယ်။

ဒီ နှစ်ပြိုင်ပွဲမှာ မျက်လုံးပြူးပြူး အမွှေးစုတ်ဖွား ခွေးလေးတစ်ကောင်က ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

ဒီ ပြိုင်ပွဲမှာ ဝင်ပြိုင်ကြတဲ့ ခွေးအများစုကတော့ ယခင်အချိန်တွေက  အကြောင်းအမျိုးမျိုးကြောင့် ဒဏ်ရာဒဏ်ချက်တွေ ရထားတဲ့ ခွေးတွေနဲ့ ခွေးဂေဟာတွေကနေ ကယ်ဆယ်ထားတဲ့ ခွေးတွေဖြစ်ကြပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly