"ရခိုင်ဒေသကနေပြီးတော့ AA(ရက္ခိုင့်တပ်)ထွက်သွားသင့်တယ်လို့ ဘယ်သူများ ပြောဖူးလဲ" ဆိုပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတစ်ကာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဒုဥက္ကဌက မေးခွန်းထုတ်လိုက်ပါတယ်။
အေအေဟာ ရခိုင်ဒေသကို ဖိတ်ခေါ်လို့ရောက်လာတဲ့ အဖွဲ့အစည်းမဟုတ်ဘဲ အေအေ ရောက်လာမှ ရခိုင်ပြည်နယ်မှာ ပြဿနာဖြစ်တာလို့ ဗိုလ်ချုပ် ထွန်းထွန်းညီက မနေ့က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
(ရိုက်ကူး- မင်းမင်း/မဇ္ဈိမ)