ဦးဝီရသူကို တရားခံပြေးဟု သုံးစွဲထားမှုအတွက် တရားစွဲမည်ဟုဆို

19 June 2019
ဦးဝီရသူကို တရားခံပြေးဟု သုံးစွဲထားမှုအတွက် တရားစွဲမည်ဟုဆို

အချိန်ကာလ(၂)နီးပါး ကြာမြင့်နေပြီဖြစ်သော Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုတွင် တရားခံဘက်မှ တရားရုံးသို့တင်ပြထာသော လျှောက်လဲချက်၌ ဆရာတော်ဦးဝီရသူကို "တရားခံပြေး" ဟု သုံးစွဲထားသည့်အပေါ် တရားလိုဖြစ်သူ ကိုကျော်မျိုးရွှေမှ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း နှင့် တရားခံပြေးဟုသုံးစွဲသူ မှန်သမျှကိုလည်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ဇွန်လ ၁၈ ရက်၊နံနက်ပိုင်းက (၆၈)ကြိမ်မြောက်ရုံးချိန်းအပြီးတွင် မီဒီယာများကိုပြောကြားသည်။

ဆရာတော်ဦးဝီရသူကို ဖမ်းဝရမ်းထုတ်တဲ့အဆင့်မှာသာ ရှိသေးသည့်အတွက် တရားခံပြေးဟု သုံးစွဲခြင်းသည် တစ်ဖက်သား၏ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ် ဟု တရားလို၏ရှေ့နေ ဦးဇော်ဝိတ်မှ ပြောကြားခဲ့ပြီးနောက်ရုံးချိန်ကို ၂၀၁၉ ခုနှစ်၊ဇူလိုင်လ ၂ ရက်နေ့သို့ ထပ်မံချိန်းဆို ထားကြောင်း သိရသည်။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly