၂၀၁၇ ခုနှစ်က အနားယူခဲ့ပြီး ကလပ်အသင်းအတွက် နှစ်ပေါင်း (၂၄)နှစ်ကြာ ကစားပေးခဲ့တဲ့ ရိုးမားဂန္တဝင်ကစားသမားကြီး တော့တီဟာ ဒါရိုက်တာရာထူးမှ နှုတ်ထွက်သွားပြီးဖြစ်တယ်လို့ တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
"ကျနော့်ရဲ့ နှုတ်ထွက်စာကို ရိုးမားအသင်းထံ ပေးပို့ခဲ့ပါတယ်။ ကျနော် ရိုးမားအသင်းရဲ့ ဒါရိုက်တာရာထူးက နှုတ်ထွက်လိုက်ပါပြီ။ ဒီလိုဆိုးရွားတဲ့နေ့မျိုး ရောက်မလာဖို့ ကျနော်မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် ရောက်လာခဲ့ပါပြီ။ ဒါဟာ တကယ် ခက်ခဲပြီး ကျနော့်အတွက် နာကျင်ရပါတယ်။"လို့ တော့တီက ပြောပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57992
တင်ဆက် - ဆက်ဝေယံနိုင်