ရခိုင် ၆ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် မိုဘိုင်းအင်တာနက် ဖြတ်တောက်

ရခိုင် ၆ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် မိုဘိုင်းအင်တာနက် ဖြတ်တောက်
ရခိုင်ပြည်နယ်မောင်တောမြို့တွင်းတစ်နေရာ။ ဓာတ်ပုံ - အေးချမ်းခိုင်

ဇွန် ၂၂ ။            ။ ရခိုင်ဒေသရှိ ၆ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့တွင် မိုဘိုင်းအင်တာနက် ယာယီဖြတ်တောက်မည်ဟု မြန်မာနိုင်ငံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တယ်လီနောအပါအဝင် တယ်လီဖုန်းအော်ပရေတာ ကုမ္ပဏီများသို့ ညွှန်ကြားထားသည်။

ဇွန် ၂၁ ရက်က စတင်ပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်ရှိ မြို့နယ် ၈ ခုတွင် မိုဘိုင်းအင်တာနက် ယာယီ ဖြတ်တောက်မည်ဟု ဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း တယ်လီနောမှ ယင်းနေ့က ကြေညာသည်။

ယင်းဖြတ်တောက်မှုတွင် တယ်လီဖုန်းပြောဆိုခြင်းနှင့် SMS မက်ဆေ့ချ်ပို့ခြင်းများ ပါဝင်မည်မဟုတ်ကြောင်း  သိရပြီး တယ်လီနောမြန်မာမှ အဆိုပါဖြတ်တောက်မှုအကြောင်း သုံးစွဲသူများထံ မက်ဆေ့ချ်ပေးပို့ထားသည်ဟု ဆိုသည်။

“ ဇွန် ၂၁ ရက် မနက် ၂ နာရီလောက်ကတည်းက MPT က မရတော့တာ။ တယ်လီနောကတော့ နေ့လယ် နောက်ပိုင်း မရတော့ဘူး။ စာပို့လာတယ်။ MPT ကတော့ ပို့တောင် မပို့ဘူး” ဟု မောင်တောမြို့အနီးရှိ NGO ဝန်ထမ်းဒေသခံတစ်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly