အိန္ဒိယ တမီလ်နာဒူးပြည်နယ်မှာ ပြင်းထန်ဆိုးဝါးတဲ့ ရေရှားပါးပြတ်လပ်မှုနဲ့ ကြုံနေ

အိန္ဒိယ တမီလ်နာဒူးပြည်နယ်မှာ ပြင်းထန်ဆိုးဝါးတဲ့ ရေရှားပါးပြတ်လပ်မှုနဲ့ ကြုံနေ

ချန်နိုင်း၊ ဇွန် ၁၉ ။         ။ အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့က မြို့သူမြိို့သားတွေဟာ သောက်သုံးရေ ရရှိဖို့ ရေဗုံးကိုယ်စီနဲ့ ရေပေးဝေရာမှာ တန်းစီ စောင့်ဆိုင်းလို့ နေကြပါတယ်။

ချန်နိုင်းက အဓိက ရေလှောင်ကန် လေးခုရဲ့ ရေအမှတ်ဟာ နှစ်် ၇၀ အတွင်း အဆိုးဆုံးအထိ ကျဆင်းနေကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

တောင်ပိုင်း တမီလ်နာဒူးပြည််နယ််ဟာ ရေရှားပါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး နိုင်ငံရဲ့ စတုတ္ထအကြီးဆုံး ချန်နိုင်းမြို့ဟာ အဆိုးဆုံး အခြေအနေ ရင်ဆိုင်နေရတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

အပူချိန် မြင့်တက်တာ၊ မိုးရွာသွန်းမှု နည်းပါးတာနဲ့ ရေလှောင်ကန်၊ ရေတွင်း၊ ရေကန်တွေ ခန်းခြောက်လာတာနဲ့ မုတ်သုံအဝင် နောက်ကျတာတွေကြောင့် ခုလို ရေရှားပါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

“ရေလှောင်ကန်တွေ၊ ရေတွင်းရေကန်တွေမှာ ရေမရှိဘူး။ ပြည်သူတွေဟာ ရေတုံကင်တွေ တူးကြပြီး ရေရရှိအောင် လုံးပန်းနေကြရတယ်။”လို့ ချန်နိုင်းမြို့ခံတစ်ဦးဖြစ်တဲ့ ဆူကူးမားက ပြောပါတယ်။

အခု ရေပြဿနာဟာ အားလုံးအပေါ် ရိုက်ခတ်ပြီး ရင်ဆိုင်ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေရှားပါး ပြတ်လပ်မှုကြောင့် ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေတောင် ပိတ်ခဲ့တာတွေ ရှိနေတယ်လို့လည်း ကြားသိိရပါတယ်။

ရေရှားပါးမှုကို IT ကုမ္ပဏီတွေ၊ ကြယ်ငါးပွင့်ဟိုတယ်တွေနဲ့ အထပ်မြင့်လူနေတိုက်ခန်းတွေပါ ခံစားနေရပါတယ်။ ချန်နိုင်းမြို့ကို ပေးဝေနေတဲ့ အဓိက ရေလှောင်ကန်ဟာ ခန်းခြောက်သလောက် ဖြစ်နေပြီလို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။

မြို့သူမြို့သားတွေကို သောက်သုံးရေ ပေးနိုင်ရေးအတွက် လိုအပ်သမျှ ကိစ္စအဝဝကို လုပ်ဆောင်လျက် ရှိနေပါတယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly