ကလေးရာချီ သေဆုံးခဲ့သည့် ဦးနှောက်ရောဂါဖြစ်ပွားမှု အိန္ဒိယအာဏာပိုင်တွေ ကိုင်တွယ်ပုံ အားနည်းနေဟု ဝေဖန်

ကလေးရာချီ သေဆုံးခဲ့သည့် ဦးနှောက်ရောဂါဖြစ်ပွားမှု အိန္ဒိယအာဏာပိုင်တွေ ကိုင်တွယ်ပုံ အားနည်းနေဟု ဝေဖန်

ဇွန် ၁၉ ။        ။ အိန္ဒိယနိုင်ငံမှာ လိုက်ချီးသီးတွေနဲ့ ဆက်စပ်ဖွယ်ရှိတဲ့ ဦးနှောက်ကူးစက်ရောဂါတစ်မျိုးကြောင့် ကလေးငယ်တွေ သေဆုံးခဲ့ရတယ်လို့ သိရပြီး ယခုလတစ်လထဲအတွင်း သေဆုံးသူကလေးငယ်ဦးရေ ၁၁၃ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

ပဟေဌိဆန်တဲ့ ရောဂါကြောင့် ခုလို ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ ယင်း ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘီဟာပြည်နယ်မှာတော့ ပြည်သူတွေဘက်က သက်ဆိုင်ရာ အာဏာပိုင်တွေအပေါ် ဒေါသတကြီး ဆန္ဒပြမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်မှာ Encephalitis syndrome လို့ ခေါ်တဲ့ ဦးနှောက်ရောင် ရောဂါဖြစ်ပွားမှုက လိုက်ချီးသီးတွေမှာ တွေ့ရတဲဲ့ အဆိပ်အတောက်ပစ္စည်းတစ်မျိုးနဲ့ ဆက်နွယ်နေနိုင်တယ်လို့ သုတေသီတွေက ကောက်ချက်ချထားပါတယ်။

ဒီ ရောဂါဟာ ပြန့်နှံ့မှု မြန်ဆန်ပြီး သွေးသကြားဓာတ်ကျခြင်း၊ အဖျားကြီးခြင်း၊ တက်ခြင်းတို့လို လက္ခဏာရပ်တွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ခုလို ကလေးငယ်တွေ ဒီ ရောဂါနဲ့ သေဆုံးနေတဲ့ ကလေးငယ် အရေအတွက် များပြားလာနေချိန် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေရဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေဟာ နှေးကွေးလွန်းနေတယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။

ဒ့ါအပြင် ပြည်နယ်တွင် ယခုလို ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်နေချိန် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူဟာလည်း ဒီကိစ္စကို ခရစ်ကတ်ပွဲလောက်တောင် စိတ်ဝင်စားမှု မရှိဘူးဆိုပြီး ပြည်သူတွေဘက်က ဒေါသတကြီး ဝေဖန်နေလျက် ရှိကြောင်း သိရပါတယ်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly