တောင်သူလယ်သမားများအတွက် နှစ်တိုနှစ်ရှည်ချေးငွေများထုတ်ချေး

18 June 2019
တောင်သူလယ်သမားများအတွက် နှစ်တိုနှစ်ရှည်ချေးငွေများထုတ်ချေး

မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအတွက် နှစ်တိုနှစ်ရှည်ချေးငွေများကို ထုတ်ချေး ပေးနေကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ တိုင်းမန်နေဂျာ ဦးသန်းဌေးအောင်က ပြောသည်။

မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ နှစ်ဆင့်ချေးငွေနှင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေများကို ထုတ်ချေးပေးနေ ခြင်းဖြစ်ပြီး JICA TWO step loanတွင် လယ်သမားများ စက်ပစ္စည်းဝယ်ယူရာတွင် ထုတ်ချေးခြင်းဖြစ်ကြောင်း ထုတ်ချေးရာတွင် နှစ်တို၊နှစ်ရှည်ထုတ်ချေးခြင်းဖြစ်ကြောင်း သိရသည်။

“တန်းဖိုးနည်းရင် သိန်း၂ဝဝအောက်ဆို နှစ်တိုချေးငွေနဲ့ ချေးတယ်။ ထွန်းစက်ကြီးတွေ ရိတ်သိမ်းခြွေလှေ့ စက်တွေ ကသိန်း၄ဝဝကျော်၅ဝဝရှိတယ်။ သိန်း၅ဝဝထက်မပိုဘဲ လယ်သမားတွေကို လယ်ယာသုံး စက်ကိရိ ယာ ချေးငွေထုတ်ချေးပေးတာကို JICA Two Step loan ကိုထုတ်ချေးပေးတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မန်နေဂျာဦးသန်းဌေးအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း JICA ချေးငွေဖြင့် ၂၀၁၇-၁၈ခုနှစ်တွင် လယ်ထွန်းစက် ၉ရစီး ကျပ်ငွေ၃.၇၆ ဘီလီယံ၊၂၀၁၈ မီနီဘတ်ဂျက်တွင် လယ်ထွန်းစက် ၆၀ စီး ချေးငွေအားဖြင့် ၂.၂၈ဘီလီယံ၊လက်ရှိဘဏ္ဍာနှစ်မှာ ၄၂၁စီး ငွေအားဖြင့်၁၈.၁၃၁ ဘီလီယံရှိကြောင်း သိရသည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly