ဇွန် ၁၆ ။ ။ ပြင်သစ်နိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ဇွန်လ ၁၅ ရက်က ပြင်းထန်သည့် မုန်တိုင်းများ တိုက်ခတ်ခဲ့၍ အနည်းဆုံး လူ တစ်ဦး သေဆုံးပြီး ကြီးကြီးမားမား ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။
နိုင်ငံအရှေ့ပိုင်း ဟော့ ဆဗွိုင်း ဒေသတွင် မုန်တိုင်းကြောင့် လူ တစ်ဦး သေဆုံးသွားပြီး နိုင်ငံအရှေ့တောင်ပိုင်းက ဒရုမ်း ဒေသတွင်းလည်း ကြီးကြီးမားမား ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
ယင်းဒေသနှစ်ခုအပါအဝင် နိုင်ငံတွင်းရှိ ပိုင်နက်ဒေသ ကိုးခုတွင် လိမ္မော်ရောင် သတိပေးချက်ကို ပြင်သစ် မိုးလေဝသ တာဝန်ရှိသူများက ထုတ်ပြန်ထားခဲ့ရသည်။
ပြီးခဲ့သည့်ရက်က အော်ဗာနီ ရုန်း အဲလ်ပ်စ် ဒေသတွင် မိုး၊ မိုးသီး၊ လေ မုန်တိုင်းများ ကျရောက်ခဲ့ပြီးနောက် အဆိုပါ သဘာဝဘေးသတိပေးချက်ကို အဆင့်တိုးမြှင့်သတ်မှတ်ခဲ့ရသည်။
မုန်တိုင်း တိုက်ပြီးနောက် ဒရုမ်း ဒေသရှိ လမ်းများတွင်လည်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။