SP Bakery ရဲ့ Franchise အကြောင်း မိတ်ဆက်ပွဲ

16 June 2019
SP Bakery ရဲ့ Franchise အကြောင်း မိတ်ဆက်ပွဲ

စံပြမုန့်တိုက်မှ စတင်ခဲ့သော SP Bakery ရဲ့ Franchise အကြောင်း မိတ်ဆက်ပွဲတစ်ရပ်ကို ဇွန် ၁၅ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတွင် ပြုလုပ်ခဲ့သည်။

“ကျွန်မတို့နိုင်ငံရဲ့ SME ကဏ္ဍတစ်ရပ်ကို ကျွန်မက အထောက်အပံ့ဖြစ်သလို လူငယ်လုပ်ငန်းရှင် အများအပြား ပေါ်ပေါက်လာနိုင်တယ်။ တိုင်းပြည်ရဲ့ GDP ကို တိုးတက်အောင် ဆောင်ရွက်နိုင်တဲ့ အချက်အလက်တွေ ပါတယ် ဆိုတော့၊ ကျွန်မရဲ့ အိုင်ဒီယာဖြစ်တဲ့ Franchise ကို လုပ်ချင်တယ်ဆိုတော့ ၊ နောက်တစ်ခုကလည်း SP Bakery အနေနဲ့ Baking Experiences in 50 years ဆိုတော့ ဒီ ၂၀၁၉ ဆိုရင် ကျွန်မတို့ Baking ရဲ့ Experiences က နှစ် ၅၀ တင်းတင်း ပြည့်ပြီပေါ့။ ဒီတော့ ကျွန်မက ဒီလိုရည်ရွယ်ချက်လေးနဲ့ လုပ်လိုက်ရင်တော့ SME ကဏ္ဍရော၊ အဖက်ဖက်ပေါ့။ အားလုံးမှာ အထောက်အပံ့ဖြစ်လာနိုင်တယ်။ နောက်တစ်ချက်ကတော့ ဒီလို Franchising လုပ်ပြီဆိုရင် ဆိုင်အနေအထားပဲဖြစ်ဖြစ်၊ Infrastructure ပိုင်းတွေ၊ Insurance ပိုင်းတွေ ၊ Banking Sector တွေဟာ Related ဖြစ်နေတဲ့အတွက် လုပ်ငန်းတွေဟာ ချိတ်ဆက်ပြီး လုပ်ငန်းတစ်ခုဟာ ပိုကောင်းလာမယ်လို့ ကျွန်မ ယုံကြည်ပါတယ်” CEO ဒေါ်သင်းသင်းကျော်( SP Bakery)

Franchising စနစ်ဖြင့် SP Bakery လုပ်ငန်းများကို ချိတ်ဆက်လုပ်ကိုင်နိုင်မည်ဖြစ်ပြီး SP Bakery အနေဖြင့် ရန်ကုန်၊ မန္တလေး ဆိုင်ပေါင်း ၁၃ ဆိုင် ဖွင့်လှစ်ထားသည်။

ရိုက်ကူး၊ တည်းဖြတ်-စိုင်းစည်သူအောင်၊ ဇေယျာမော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly