ကမ္ဘာ့ သန္တာကျောက်တန်းများ အဖြူရောင်ပြောင်းလာမည့် ဘေး ရင်ဆိုင်နေရ

ကမ္ဘာ့ သန္တာကျောက်တန်းများ အဖြူရောင်ပြောင်းလာမည့် ဘေး ရင်ဆိုင်နေရ

ကမ္ဘာတစ်ဝန်းရှိ သန္တာကျောက်တန်းများ ဓာတ်ပြုအဖြူရောင် ပြောင်းသွားနိုင်ခြင်း ဘေးနှင့် ရင်ဆိုင်နေပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။ ပစိဖိတ်၊ အတ္တလန္တိတ်နှင့် ကာရေဘီယံသမုဒ္ဒရာများတွင် ယင်းသို့ဓာတ်ပြုကာ အဖြူရောင် ပြောင်းမည့်ဘေးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

တစ်ကမ္ဘာလုံးရှိ သန္တာကျောက်တန်းများ၏ ၃၈ ရာခိုင်နှုန်းက ယင်းဘေးကို ရင်ဆိုင်ရနိုင်ပြီး သန္တာကျောက်တန်း ၁၂,၀၀၀ စတုရန်းကီလိုမီတာ သေကျေပျက်စီးမည် ဖြစ်သည်ဟု အမေရိကန် သမုဒ္ဒရာနှင့် လေထုစီမံရေး NOAA အဖွဲ့က သတိပေးသည်။

ဓာတ်ပြုအဖြူရောင် ပြောင်းလဲခြင်းသည် လက်ရှိသဘာ၀ ရာသီဥတုပူနွေးမှုနှင့် လူများကြောင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် ရေထုအပူချိန် မြင့်တက်ခြင်းကြောင့် ဖြစ်ရသည်။

ထိုသို့ ရာသီဥတု ပြောင်းလဲခြင်း အခြေအနေများက သန္တာကျောက်တန်းများ အရောင်စုံဖြစ်နေ စေသည့် ရေမှော်ပင်များကို ပျောက်ဆုံးစေသည့် အခါတွင် သန္တာကျောက်တန်းများက အဖြူရောင်သို့ ပြောင်းလဲ သွားရသည်။

သာမန်အနေအထားသို့ ရာသီဥတု ပြန်လည်ရောက်ရှိပါက သန္တာကျောက်တန်းများ ပြန်လည် ကောင်းမွန်နိုင်သည်။ သို့သော် ယင်းသို့ ပြန်လည်ကောင်းမွန်သည့် အခြေအနေ ရောက်ရန်အတွက် ဆယ်စုနှစ်များစွာ ကြာမြင့်ပြီး အဆိုပါ ရာသီဆိုးများက ဆက်လက်ဖြစ်ပေါ်နေပါက သန္တာကျောက်တန်း များ ပျောက်ဆုံး ပျက်စီးသွားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly