ဗြိတိန် အထင်ကရ SOAS တက္ကသိုလ် ကျဉ်းထဲကျပ်ထဲ အခြေအနေမှာ ရောက်နေ

By Economist
11 June 2019
ဗြိတိန် အထင်ကရ SOAS တက္ကသိုလ် ကျဉ်းထဲကျပ်ထဲ အခြေအနေမှာ ရောက်နေ

ဇွန် ၁၁ ။            ။ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့ တောင်ပိုင်းကျွန်းပေါ်က ဘာသာရပ်တွေ ဒါမှမဟုတ် တိဘက်ဘာသာစကား၊ သီရိလင်္ကာ ဘာသာစကားတို့ကို လေ့လာသင်ယူချင်ကြသူ လူငယ်တွေအတွက်ကတော့ လန်ဒန်မြို့လယ်က အရှေ့တိုင်းနဲ့ အာဖရိကရေးရာ လေ့လာရေးကျောင်း (School of Oriental and African Studies-SOAS ) က တက်ရောက်သင့်တဲ့ နေရာတစ်ခုအဖြစ် ကာလကြာကတည်းက ရှိနေခဲ့ပါတယ်။

ကိုလိုနီခေတ် အုပ်ချုပ်ရေးမှူးတွေ၊ စစ်ဘက်အရာရှိတွေ၊ စပိုင်တွေကို လေ့ကျင့်သင်ကြားပေးဖို့အတွက် ၁၉၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ယင်းတက္ကသိုလ်ကတော့ ကမ္ဘာပေါ်က အမှေးမှိန်ဆုံး နေရာတွေနဲ့ပတ်သက်လို့ အသိပညာတွေ တတ်မြောက်နေတဲ့ ပညာရှင်တွေ အပြင် တရုတ်၊ အိန္ဒိယလို နိုင်ငံတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေ ရှိရာ နေရာတစ်ခုအဖြစ် ဖြစ်တည်လာခဲ့ပါတယ်။

SOAS ဆိုတဲ့ နာမည်အတိုင်း ယင်းကျောင်းကတော့ အရှေ့တိုင်းနဲ့ အာဖရိက ရေးရာ လေလာလိုသူတွေအကြား ထင်ရှားနာမည်ကြီးတဲ့ ကျောင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ယင်းဒေသတွေက  ဘာသာစကားတွေကိုပါ သင်ကြားပေးနေတာဖြစ်ပြီး ယင်းအနက် မြန်မာစာ ၊ မြန်မာဘာသာလည်း ပါပါတယ်။

ယနေ့အချိန်မှာတော့ နိုင်ငံပေါင်း ၁၃၀ ကျော်က ကျောင်းသား၊ သူ ၄,၃၄၅ ဦး  ယင်းကျောင်းမှာ တက်ရောက်နေကြပြီး global pop music က စလို့ accounting ၊ finance လို ပညာရပ်တွေအထိ လေ့လာသင်ယူနေကြလျက် ရှိပါတယ်။

သို့ပေမယ့်လည်း တက္ကသိုလ် ပုံစံ အသွင်ဆောင်ထားတဲ့ ယင်း SOAS ကျောင်းကတော့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း  ရုန်းကန်လာနေရတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ် undergraduate (ဘွဲ့မရသေးတဲ့ ကျောင်းသား) ကျောင်းဝင်ခွင့်လျှောက်မှုနှုန်းဟာ ၃၇ ရာခိုင်နှုန်းလောက် ကျသွားခဲ့တယ်လို့ သိရပါတယ်။

SOAS မှာ အခြေအနေတွေကို တိုးတက်အောင်လုပ်ဆောင်နိုင်ခြင်းမရှိရင် နောက်ထပ် နှစ်နှစ်အတွင်း ဘဏ္ဍာငွေ အရင်းအမြစ်တွေ ကုန်ခန်းသွားရတော့မယ်ဆိုပြီး ယမန်နှစ်က ကျောင်းရဲ့ ဒါရိုက်တာဖြစ်သူက စာရေးသား ထုတ်ပြန်ထားခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly