ဇွန် ၁၀ ။ ။ အငြင်းပွားဖွယ်ရာ ရာဇဝတ်သားလွှဲပြောင်းပေးမှု ဥပဒေတစ်ရပ်ကို စီစဉ်နေတဲ့ ဟောင်ကောင်းအစိုးရအပေါ်မှာ နောက်ကွယ်ကနေ အခိုင်အမာ ထောက်ခံထားကြောင်း တရုတ်တို့က ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။
တရုတ်ပြည်မကြီးဆီ တရားခံလွှဲပြောင်းမှုတွေလုပ်ဖို့ ဟောင်ကောင်အာဏာပိုင်တွေက စီစဉ်နေလျက် ရှိပြီး ယင်းနဲ့ပတ်သက်လို့ ဟောင်ကောင်မှာ ဆန္ဒပြမှုတွေလည်း အကြီးအကျယ် ဖြစ်ပေါ်နေလျက် ရှိပါတယ်။
ခုလို ဆန္ဒပြမှုတွေရှိပေမယ့် ယင်း အငြင်းပွားဥပဒေကို ဖျက်သိမ်းဖို့ မရှိဘဲ ဆက်လက်ပြဌာန်းသွားမယ်ဆိုပြီး ဟောင်ကောင်အုပ်ချုပ်သူတွေဘက်ကလည်း ထုတ်ပြန်ထားပါတယ်။
ဒီဥပဒေကို ဟောင်ကောင်မှာ အကြီးအကျယ် ဆန္ဒပြကန့်ကွက်မှုတွေဖြစ်ပေါ်လာပြီးနောက် ပြည်ပ ကြားဝင် စွက်ဖက်မှုကို မိမိတို့ ဆန့်ကျင်ကြောင်း တရုတ်တို့က ပြောဆိုခဲ့ပါတယ်။
ယခုကိစ္စမှာ ဟောင်ကောင်းအစိုးရအပေါ် ပေကျင်းဘက်က အခိုင်အမာ ဆက်လက်ထောက်ခံမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကန်းရှောင်က ပြောသွားခဲ့ပါတယ်။